(ဗီဒီယိုကြည့်လို့ရအောင် VPN ပိတ်ဖို့ လိုပါမည်)
အပြတ်ပြောင်း ဝိတ်ကျသင်တန်းလေးကို တက်ရောက်ခဲ့ပြီးနောက် မိမိရရှိခဲ့သည့် အတွေ့အကြုံများ ၊ ပြောင်းလဲမှုများကို နောင်လေ့ကျင့်သူများ တက်ကြွအားဖြစ်စေရန်အတွက်..
အောက်ပါ Review မေးခွန်း ( ၇ )ခုကို Selfie ဗီဒီယိုအတို ဖြင့်ပြောပြရမည်ဖြစ်ပါသည်။
မေးခွန်း (၁)
မိမိ Facebook နာမည် နှင့် မိမိနာမည်ရင်း ကို ပြောပြပါ။
မေးခွန်း (၂)
Sayar Z ၏ ယခု " အပြတ်ပြောင်း ဝိတ်ကျသင်တန်း " တက်ဖြစ်ခဲ့သည့် အကြောင်းအရင်းကို ပြောပြပေးပါ။
မေးခွန်း (၃)
အွန်လိုင်းမှ သင်တန်းတက်သည့်အတွေ့အကြုံနှင့် ပတ်သက်ပြီး မိမိကြိုက်နှစ်သက်သည့် အဆင်ပြေသည့်အချက်များကို ပြောပြပေးပါ။
မေးခွန်း (၄)
သင်တန်းတက်ပြီးနောက် ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာမှာ ဘာတွေပြောင်းလဲသွားခဲ့ပါသလဲ ? ဘယ်လိုရလဒ်မျိုးတွေ ရခဲ့လဲ ? ကို ပြောပြပေးပါ။
မေးခွန်း (၅)
သင်တန်းကာလအတွင်း ကိုယ်လိုချင်သည့် ရလဒ်များအတွက် ကြိုးစားနေချိန်မှာ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုအခက်အခဲများ တွေ့ခဲ့ပါသလဲ ? မည်သို့ကျော်လွှားခဲ့ပါသလဲ ? ကို ပြောပြပေးပါ။
မေးခွန်း (၆)
မိမိအတွက် သင်တန်းမှ ရရှိခဲ့သည့် အကောင်းဆုံးအရာလေးအကြောင်းကို ပြောပြပေးပါ။
မေးခွန်း (၇)
ယခုမှ သင်တန်းစတက်မဲ့သူများကို ဘာတွေ ပြောပြချင်ပါသလဲ ? ဘယ်လို recommend တွေ ပေးလိုပါသလဲ ? ကို ပြောပြပေးပါ။
Review Selfie Videos ကို မည်သို့ရိုက်ကာ ပေးပို့ရမလဲ ?
Facebook messenger မှတဆင့် ဗီဒီယိုပေးပို့ပါက တစ်ပုဒ်လျှင် ကြာချိန် - ၁မိနစ်ခွဲ (90sec) စာခန့်သာ ပေးပို့ခြင်းသည် အဆင်ပြေဆုံးဖြစ်သည်။
ထို့ကြောင့် အထက်ပါ Review မေးခွန်း (၇)ခု အား Video Selfie ဖြင့် ပြောပြနေချိန်တွင် မေးခွန်း(၁)ခုကို 90sec ထက် အချိန်ပိုမကြာမိစေရန် ဂရုပြုပြီးမှ Video ရိုက်လိုက်ရပါမည်။ messenger တွင်ပေးပို့ရမည့် Review ဗီဒီယိုအတိုလေးမှာ စုစုပေါင်း (၇)ခု ဖြစ်သည်။
မှတ်ချက်။ ။ ဗီဒီယိုရိုက်ကာ ပြောကြားချိန်တွင် တတ်နိုင်သမျှ သဘာဝကျကျ ပြောပြနေသည့်ပုံစံသည့်အကောင်းဆုံးဖြစ်သည်။
ရိုက်ကူးရမည့် position မှာ အောက်ဖော်ပြပါပုံအတိုင်း တတ်နိုင်သမျှ မနီးမဝေး ( မျက်နှာအပြည့် နှင့် body အနည်းငယ်ပါဝင်နေခြင်း)သည် အကောင်းဆုံးဖြစ်သည်။ စကားပြောနေချိန်တွင် video ငြိမ်ရန်အတွက် လက်ကို ငြိမ်ငြိမ်ထားကာ (သို့မဟုတ်) မိမိဖုန်းကို စားပွဲပေါ်တွင် ထောင်ထားကာ မိမိပြောနေသည့်မိမိပုံကို ဖုန်း screenတွင် ကြည့်ကာ ပြောနိုင်ပါသည်။ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်ပြပြဖြင့် ပြောနေသည့်ပုံစံသည် ကြည့်ရှုသူကို ဆွဲဆောင်မှုဖြစ်စေသည့်အတွက် တတ်နိုင်သမျှ ပြုံးရွှင်နေဖို့ကို အကြံပြုအပ်ပါသည်။
နမူနာပုံစံများ
ဥပမာ ။ ။
ပြီးနောက်
1. Full Body (အဝေးမှတစ်ကိုယ်လုံးပါ) 2ပတ် ပတ်ပြသည့် ဒေါင်လိုက်ဗီဒီယို
(မှတ်ချက် ။ ။ ဆက်တိုက်မလှည့်ပဲ >> ရှေ့၊ ဘေး ၊ နောက် ၊ ဘေး ရောက်တိုင်း 2secs ခဏငြိမ်ပေးပါ။ )
2. Close Body (အနီးမှကိုယ်တစ်ဝက်ပါ) 2ပတ် ပတ်ပြသည့် အလျားလိုက်ဗီဒီယို
(မှတ်ချက် ။ ။ ဆက်တိုက်မလှည့်ပဲ >> ရှေ့၊ ဘေး ၊ နောက် ၊ ဘေး ရောက်တိုင်း 2secs ခဏငြိမ်ပေးပါ။ )
3. Highlights (အနီးကပ် အဆီနည်းသွားကြောင်းပြသည့် လက်ဟန် ခြေဟန်ပြနေသည့်) အလျားလိုက်ဗီဒီယို ( Before တုန်းကလို အဆီ/ ဗိုက်ခေါက်ကို ညစ်ပြကိုင်ပြစရာမလိုပါ )
4. Exercise လုပ်နေသည့် ဒေါင်လိုက်ဗီဒီယို (1)မိနစ်စာ ( မြန်မာဝတ်ဖြင့် လုပ်စရာမလိုပါ။ အားကစားဝတ်သာလုပ်ဖို့လို )
တို့ကို ရိုက်ကူးကာ ပေးပို့ရမည်ဖြစ်ပါသည်။
============
Before မှာရိုက်ထားခဲ့သည့်အတိုင်း အဝတ်အစား ဒီဇိုင်း (၃)မျိုးလုံးကို စုံအောင် ရိုက်ကူးကာ ပေးပို့ရမည်ဖြစ်ပါသည်။
( မိမိအတွက် မြန်မာဝတ်အဆင်မပြေပါက (သို့မဟုတ်) Before မှာ မရိုက်ခဲ့သည့်အဝတ်အစားပုံစံကို မရိုက်လည်းရပါသည်။ )
============
ပြီးနောက် မိမိဝိတ်ချိန်နေသည့်ပုံကို အဝေးမှ ဗီဒီယိုဖြင့်ရိုက်လာကာ လက်ရှိဝိတ်ကို အနီးကပ်မြင်ရအောင် ပြသပေးသည့် ဗီဒီယိုရိုက်ရပါမည်။
နောက်ဆုံးတစ်ခုအနေဖြင့်
မိမိ၏ Body Measurements အတိုင်းအတာများအား ပြန်လည်တိုင်းတာကာ ပို့ပေးထားလျှင် ပြည့်စုံပြီဖြစ်ပါသည်။
အထက်ပါမှတ်တမ်းများအားလုံးကို August -11 ရက် နောက်ဆုံးထားပြီးပေးပို့ရပါမည်။ ( ရက်လွန်သွားပါက ရလဒ်များစာရင်းတွင် ပါဝင်တော့မည်မဟုတ်ပါ )
ရိုက်ပုံရိုက်နည်းများကို ပြန်လည်ကြည့်ရှု့လိုက်ပါက အောက်ပါအပြာရောင်လင့်ကိုနှိပ်ကာ Before တုန်းမှ ရိုက်ခဲ့သည့်နည်းကို ပြန်လည်ကြည့်ရှု့နိုင်ပါတယ်..
https://www.fitlifeprojectmyanmar.com/how-to-submit-before-records
50% Complete
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.