ZTA သင်တန်းမှ ပြောင်းလဲသွားသည့် မန်ဘာများ

⛔️တစ်နေ့တစ်ခြား ပိုပိုဝလာပြီး နေရထိုင်ရတာလည်းအဆင်မပြေ..
⛔️ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေလည်းခံခဲ့ရတယ်။
⛔️သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်လည်တဲ့အချိန်မှာလည်း ဓာတ်ပုံရိုက်ရမှာ ရှက်ပြီးကြောက်နေခဲ့ရတယ်..🤔
🌹လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ မိမိရဲ့ပင်ကိုယ်အလှ တွေကတော့ကိုယ်စီရှိကြပါတယ်။
ပြည့်ပြည့်ဝဝကစ်ကစ် ကိုကိုမမများသာ ပိန်သွားရင် ဘယ်လောက်လှသွားမလဲဆိုတာ သူတို့ကိုယ်တိုင်အသိဆုံးဖြစ်ပါလိမ့်မယ်နော် 😁
⬇️ညီမလေး မမြတ်နိုးပွင့်ရဲ့ ဝေမျှပေးထားတဲ့စာလေးကိုတင်ပြပေးလိုက်ပါတယ်ရှင့်⤵️
"ညီမ သင်တန်းမတက်ခင်ကခန္ဓာကိုယ်လေးလံထိုင်းမှိုင်းပြီး ပေါ့ပါးမှုမရှိခဲ့ဘူး..ဝတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်းမရှိဘူး။
သင်တန်းကိုအဓိကတက်ရတဲ့ရည်ရွယ်ချက်ကတော့ အရမ်းပိန်ချင်ပြီး အဝတ်စားလှလှလေးတွေဝတ်ချင်လို့ပါ..ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုရှိပြီး ဝနေတယ်ဆိုတဲ့စိတ်နဲ့ အားမငယ်အောင်လို့ပါ။
သင်တန်းကို Online ပေါ်ကနေသူများတွေ share လို့တွေ့ခဲ့တယ်..အဲ့ဒါနဲ့ စသိသိချင်းကနေစပြီး ZTA ရဲ့ page ထဲကိုအမြဲတမ်းဝင်ဝင်ကြည့်ဖြစ်တယ်။တစ်ယောက်ပြီး တစ်ယောက် ဝိတ်တွေကျပြီးပြောင်းလဲသွားကြတာတွေ့ရတော့ အရမ်းအံ့သြမိတယ်။ ညီမက ငယ်ငယ်လေးကတည်းကဝတော့ဝိတ်ချဖို့အမြဲစဉ်းစားနေခဲ့တာ။
ဒါပေမဲ့ ပျင်းနေတာနဲ့ မလာဖြစ်ဘူး။
တစ်နေ့တစ်ခြားပိုပိုဝလာပြီး နေရထိုင်ရတာလည်းအဆင်မပြေ၊ပတ်ဝန်းကျင်ရဲ့လှောင်ပြောင်မှုတွေလည်း ခံခဲ့ရတယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်သွားလည်တဲ့အချိန်မှာလည်း ဓာတ်ပုံရိုက်ရမှာကိုရှက်ပြီးကြောက်နေခဲ့တယ်။
အဲ့အချိန်ကနေစပြီးတော့ သင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်တယ်။
သင်တန်းက အရင်တုန်းကဆော့ခဲ့တဲ့ Gym တွေနဲ့မတူဘဲ တစ်ရက်ကို 45 မိနစ်သာအချိန်ပေးရပြီး အဖွဲ့လိုက်အတူတူဆော့ကစားရတာဆိုတော့ ပျော်ဖို့ကောင်းလို့ကြိုက်တယ်။
သင်တန်းတက်တဲ့အချိန်မှာလည်း ကျေနပ်ပျော်ရွှင်မှုတွေရှိခဲ့တယ်။
သူငယ်ချင်းအသစ်တွေလည်းရခဲ့တယ်။
သင်တန်းကိုတက်ပြီး ခန္ဓာကိုယ်ဟာဆိုရင်လည်း
အရင်ကလိုထုံထိုင်းမနေပဲ ပေါ့ပေါ့ပါးပါး နဲ့ သွက်လက်မှုတွေရှိလာတယ်။
အဝတ်စားဝတ်ရတာလည်းအဆင်ပြေလာတယ်။
စတက်တက်ချင်းမှာတော့ Diet အပိုင်းမှာအဆင်မပြေခဲ့ဘူး။ အဆီစိမ့်အချိုတွေဖြစ်တဲ့ အစားသောက်တွေလည်းမလျော့နိုင်ခဲ့ဘူး။
အရင်က လှုပ်ရှားမှုနဲခဲ့တော့ စလေ့ကျင့်တဲ့အချိန်မှာ တစ်ကိုယ်လုံးနာကျင်မှုတွေတော့ဖြစ်လာခဲ့တယ်။ဒါပေမဲ့လည်း ကြိုးစားအားထုတ်မှုကြောင့် တစ်ဖြည်းဖြည်းနဲ့ ပေါင်ချိန်တွေကကျလာပြီး ခန္ဓာကိုယ်လည်းပြောင်းလဲလာတဲ့အချိန်မှာတော့
ပိုပြီး အားတွေရှိလာတယ်။
Diet အစားသောက်တွေလည်းလိုက်နိုင်လာတယ်။
သင်တန်းကိုစိတ်ဝင်စားနေတဲ့သူများကိုပြောချင်တာကတော့ ဝိတ်ချချင်ရင်၊ ခန္ဓာကိုယ်ပိုပြီးလှပကာကျန်းမာချင်တယ်ဆိုရင် အသက်ရွယ်လူကြီးလူငယ်မရွေးလာဆော့လို့ရပါတယ်။
အခုမှ သင်တန်းကိုစတက်မဲ့ မိတ်ဆွေများကိုလည်း ကျန်းမာရေးအတွက်၊ကိုယ့်ကိုယ်ကို ပိုပြီး လှပဖို့အတွက် လာရောက်လေ့ကျင့်ဆော့ကစားကြပါရန် အကြံပြုပေးချင်ပါတယ်ရှင့်
"သင်တန်းကိုမတက်ခင်ကပေါ့ပါးမှုမရှိခဲ့ပါဘူး။လေးလံပြီးဇက်ကြောတွေခဏခဏတက်တယ်နောက်ပြီး အဝတ်စားဝတ်ရတာလည်းအဆင်မပြေဘူး ...
ကျွန်တော်သင်တန်းကိုတက်ရတဲ့ အဓိကအကြောင်းကတော့ အရမ်းပိန်ချင်လို့ပါ နောက်ပြီး smart ကျတဲ့ ခန္ဓာကိုယ်တစ်ခုလည်းပိုင်ဆိုင်ချင်လို့ပါ..
အသိအစ်မတစ်ယောက်ကပြောပြလို့ ZTA သင်တန်းကိုသိခဲ့ရတယ်၊၊ သူလည်းဒီသင်တန်းမှာတက်ပြီးပိန်ခဲ့တာပါ။ ကျွန်တော် online ကနေလည်း ZTA page ကိုခဏခဏဝင်ကြည့်ဖြစ်ခဲ့တယ်။
အစကတော့အလုပ်တစ်ဖက်နဲ့မို့အချိန်မပေးနိုင်တော့သင်တန်းကိုသိသိချင်းနဲ့မတက်ဖြစ်ခဲ့ပါဘူး။
ဒါနဲ့သင်တန်းကိုလာပြီးစုံစမ်းကြည့်လိုက်တော့မှတစ်ရက်ကို ၄၅ မိနစ်ပဲ အချိန်ပေးရတာမို့လို့တက်ဖြစ်ခဲ့ပါတယ်။
သင်တန်းကကိုယ်တစ်ယောက်ထဲသီးသန့်ဆော့ရတာမဟုတ်ပဲ အဖွဲ့လိုက်နဲ့ဆော့ရတာမို့လို့ကျွန်တော်သဘောကျတယ်။မိတ်ဆွေသစ်တွေလည်းရသလို သူတို့ဆီကလည်းအကြံဉာဏ်တွေယူဖြစ်တယ်။
သင်တန်းကိုတက်ရတဲ့အချိန်မှာ ပျော်ရွှင်မှုတွေအပြည့်အဝရခဲ့ပါတယ်။သင်တန်းသူ/သား တွေကလည်းမာန်မာနမရှိသလို Trainer-ဆရာ/ဆရာမ များ နဲ့ စာရင်းမများကလည်းဖော်ဖော်ရွေရွေဆက်ဆံပေးကြပါတယ်။
သင်တန်းတက်ပြီးတစ်လကျော် သွားချိန်မှာ ခန္ဓာကိုယ်ကသိသိသာသာ အဆီပိုတွေကျသွားပြီးမယုံနိုင်လောက်အောင်အံ့သြခဲ့ပါတယ်။
နောက်ထပ်အဆီပိုတွေထပ်ချဖို့လည်း အင်အားတွေအများကြီးရစေခဲ့ပါတယ်။ယုံကြည်မှုလည်းအရင်ကထက်ပိုရှိလာခဲ့ပါတယ်။
သင်တန်းစတက်တဲ့နေ့မှာတော့ အခက်ခဲတွေရှိခဲ့ပါတယ်။အရင်ကလှုပ်ရှားမှုအားနဲခဲ့တာကြောင့်
လေ့ကျင့်ခန်းစလုပ်တော့ အရမ်းပင်ပန်းခဲ့တယ်၊
တစ်ကိုယ်လုံးကိုက်ခဲပြီးဖျားလည်းဖျားခဲ့တယ်။
ဆက်မဆော့ဖြစ်တော့ဘူးလို့တောင်ထင်ခဲ့မိပေမဲ့လည်း 'တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်' ဆိုတဲ့ခံယူချက်တစ်ခုနဲ့ သင်တန်းကိုမပျက်မကွက်ပဲသွားခဲ့တယ်။ ဆရာခိုင်းသမျှလည်းတတ်နိုင်သမျှအကုန်လုပ်ခဲ့တယ်။
အဆိုးဆုံးအချက်က အဆီအစိမ့် တွေရှောင်ခိုင်းတာပဲ။ ကျွန်တော်ကအစားအသောက်မက်ပြီးအထူးသဖြင့်အဆီအစိမ့်တွေကိုပိုကြိုက်တာ။
ပိန်ချင်တဲ့စိတ်ဆန္ဒတစ်ခုကြောင့် စားချင်တဲ့အစားအစာထက် စားသင့်တဲ့ အာဟာရဖြစ်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုပဲစားဖြစ်တော့တယ်။
အဓိကအချက်ကတော့ သင်တန်းကိုပုံမှန်သွားတယ်၊အစားသောက်တွေဂရုစိုက်တယ်။
ဘယ်အရာမဆိုအလွယ်တကူမရနိုင်ဘူးဆိုတာကိုလည်းသိလာခဲ့တယ်။
အဲ့လိုကြိုးစားလာခဲ့ရင်းနဲ့ အခုဆိုကျွန်တော့်ခန္ဓာကိုယ်သိသိသာသာပြောင်းလဲလာပြီးခရီးတစ်ဝက်ကျော်ကိုရောက်လာခဲ့ပါတယ်။
ဆရာ နဲ့ ZTA သင်တန်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
သင်တန်းကိုစိတ်ဝင်စားတဲ့သူများအနေနဲ့လည်း ZTA သင်တန်းကအကောင်းဆုံးဖြစ်လို့ လာတက်ကြပါလို့ဒီကနေ ကျွန်တော် recommend ပေးချင်ပါတယ်ဗျာ။
အခုမှစပြီး သင်တန်းတက်မယ့် မိတ်ဆွေများလည်းအချိန်ဆွဲမနေပဲ ZTA ကိုအမြန်ဆုံးအရောက်လှမ်းခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...”
 ✅ ပေါင်ချိန်တွေလည်းကျသွားတယ်💯
✅ ခန္ဓာကိုယ်လည်းပြောင်းလဲသွားတယ်💯
✅ အသားရေလည်းကောင်းလာတယ်💯
✅ ကျန်းမာရေးလည်းကောင်းလာတယ်💯

ကဲ...ဘာလိုသေးလဲနော် 😉

⬇️လေ့ကျင့်လိုသူညီကိုမောင်နှမများ အားတက်သွားစေဖို့ ညီမလေး မယဉ်ယဉ်ထွန်းရဲ့
ကိုယ်တွေ့စာလေးကိုအောက်ပါအတိုင်းမျှဝေပေးလိုက်ပါတယ်ရှင့် 😇⤵️

"သင်တန်းကိုအစ်မတစ်ယောက်ပြောပြလို့ သိခဲ့ရတယ်..အဲ့တာနဲ့သိသိချင်းပဲတက်ဖြစ်ခဲ့ပါတယ်။ သင်တန်းတက်ရတဲ့ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ပြောင်းလဲပြီး ကျန်းမာရေးလည်းကောင်းချင်လို့ပါ။
သင်တန်းမတက်ခင်က နေရထိုင်ရတာပေါ့ပါးမှုမရှိခဲ့ဘူး နောက်ပြီး ကိုယ့်ကိုယ်ယုံကြည်မှုလည်းမရှိဘူး။
ညီမက ငယ်ငယ်ကတည်းကဝခဲ့တာ..
အရင်ကလည်း ZTA မှာ ၂ လဆော့ဖူးလိုက်တယ်။အဲ့တုန်းက ၇ ပေါင်ကျသွားပြီးသား
အရှိန်ရလာမှ သရေစာတွေ ဖြစ်တဲ့အစားသောက်တွေမထိန်းနိုင်တာနဲ့ နောက်ပိုင်းလေ့ကျင့်ခန်းပါမလုပ်ဖြစ်တော့တာကြောင့် ပြန်ဝလာခဲ့တယ်။
အခုလာမဲ့ ၂၀၂၀ မရောက်ခင် ပိန်ချင်တာမို့ ဝိတ်ချမယ်လို့ ဆုံးဖြတ်ပြီး ZTA ကိုပဲပြန်လာခဲ့တယ်။
တစ်ဖြေးဖြေးဝိတ်က တစ်ပေါင်ပြီးတစ်ပေါင်တက်လာတော့ ခန္ဓာကိုယ်လည်းပေါ့ပါးမှုလုံးဝမရှိတော့လို့ ဝိတ်ပြန်ကျချင်တာနဲ့ သင်တန်းကိုရောက်လာခဲ့တယ်။
သွားခဲ့ဖူးသမျှ Gym တွေကကစားရတာပျင်းစရာကောင်းတယ်။ ZTA က Group နဲ့ပျော်ပျော်ပါးပါးဆော့ရတော့ ZTA ကိုပဲရွေးချယ်လိုက်တယ်။
ညီမက ဒီသင်တန်းရဲ့ Training ပိုင်းရယ် နောက်ပြီးအဖွဲ့လိုက်စည်းစည်းလုံးလုံးနဲ့
လေ့ကျင့်ရတာကိုသဘောကျတယ်။
သင်တန်းကိုတက်ရတာ ကျေနပ်ပျော်ရွှင်မှုတွေရခဲ့တယ်..ကိုယ့်ရဲ့ trainer ဆရာမ နဲ့ရော သင်တန်းသားတွေနဲ့ပါပျော်ပျော်ရွှင်ရွှင်ပဲ
မိတ်ဆွေတွေဖြစ်ခဲ့ရတယ်။
ညီမ သင်တန်းကိုတက်ပြီးတဲ့နောက်မှာ
ပေါင်ချိန်တွေကျသွားတယ်၊ခန္ဓာကိုယ်လည်းပြောင်းလဲသွားတယ်၊အသားရေလည်းပိုကောင်းလာတယ် ပြီးတော့ ကျန်းမာရေးလည်းကောင်းလာတယ်။
ဘယ်အရာမဆိုကတော့ လွယ်လွယ်နဲ့မရနိုင်ပါဘူး ဒါပေမဲ့ ကိုယ်တကယ်ကြိုးစားရင်တော့ တကယ်ပဲပြောင်းလဲသွားနိုင်ပါတယ်ရှင့်
သင်တန်းကိုစိတ်ဝင်စားသူများကို ပြောပြချင်တာကတော့ ဝိတ်တကယ်ကျချင်ရင်
ZTA ကိုလာခဲ့ပါလို့ recommend ပေးချင်ပါတယ်ရှင့် တကယ်လေ့ကျင့်ခန်းကိုလိုက်လုပ်ပြီး စားသောက်ပုံစံတွေလိုက်နာမယ်ဆိုရင်တော့ တကယ်ကိုပြောင်းလဲသွားပါလိမ့်မယ်ရှင့်
အခုမှသင်တန်းစတက်မဲ့ မိတ်ဆွေများကိုပြောပြချင်တာကတော့ အချိန်မဆွဲပါနဲ့ မြန်မြန်ပိန်ပြီးမှ မြန်မြန်လှပြီး မြန်မြန်ကျန်းမာရေးကောင်းမှာပါနော် အားလုံး Fighting ပါရှင့် “
" ညီမ .. သင်တန်းမတက်ခင်က နေရထိုင်ရတာတွေ လေးလံပြီး ပေါ့ပါးမှုမရှိခဲ့ပါဘူး..
လူကနည်းနည်းဝလာပြီး အဝတ်အစားဝတ်ရတာတွေ အဆင်မပြေလို့ ZTAသင်တန်းကို စပြီးတက်ဖြစ်ခဲ့ပါတယ်။
သင်တန်းကို အရင်ကတည်းက သိတယ်.. အလုပ်တစ်ဖက်နဲ့မို့ မတက်ဖြစ်ခဲ့ဘူး ။
အခုတက်ပြီးတော့ ဝိတ်ကျသွားလို့ အဝတ်အစားဝတ်ရတာတွေမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုရှိလာခဲ့တယ်။
သင်တန်းက လိုအပ်တဲ့ အားကစားပစည်းတွေ အတော်အသင့်စုံလင်ပြီး သင်တန်းကဆရာတွေ ၊သင်တန်းသားတွေ နဲ့အတူ လေ့ကျင့်ခန်းလုပ်ရတော့ သင်တန်းချိန်တွေမှာ ပျော်ရွှင်ရပါတယ်။
လေ့ကျင့်ခန်းလုပ်ရတော့ အစပိုင်း ပင်ပန်းနွမ်းနယ်မှုတွေရှိခဲ့ပေမယ့် အိပ်ရေး၀၀တွေအိပ်တယ်၊လုပ်နိုင်ရမယ်ဆိုပြီးစိတ်ခိုင်ခိုင်ထားတော့လုပ်နိုင်ခဲ့တယ်။
သင်တန်းတက်ချင်သူတွေကိုလည်း တက်ကြည့်ဖို့အားပေးပါတယ်။
သင်တန်းမှာ အမှန်တကယ်ကို
ဝိတ်ကျအောင် လေ့ကျင့်ပေးပြီး ပုံမှန်လေးလုပ်သွားရင်ကို အစပိုင်းမှာ အဆင်ပြေလာပြီး တိုးတက်မှုများစွာကို မြင်ရမှာဖြစ်တယ်လို့လည်း
အားပေးလိုက်ပါတယ်နော် "
🤔 သင်ရော ⁉️
"📸 ဓာတ်ပုံရိုက်ပြီဆို ကိုယ့်ကိုသိပ်ဝနေတဲ့ပုံ မထင်ရအောင်နေရ၊ပုံတင်ရင်လည်းပိန်တယ်ထင်တာလေးတွေရွေးတင်နေရနဲ့" ဖြစ်နေပြီလား⁉️
"အခု အသက် ၂၅ နှစ်ကျော်တဲ့အထိ တစ်သက်နဲ့တစ်ကိုယ် ကိုယ့်ဘာကိုယ်ဝနေမှန်းလည်းသိတယ်..ဝိတ်ချဖို့လည်းစဉ်းစားမိတာပဲ။ဒါပေမဲ့ ဒီတိုင်းလည်းအဆင်ပြေနေတာပဲ ဆိုတဲ့စိတ်နဲ့တကယ်လက်တွေ့မလုပ်ဖြစ်ခဲ့ဘူး။
အဲ့စိတ်က ဘယ်ချိန်နောင်တရလဲဆို ဓာတ်ပုံတွေဘာတွေရိုက်လို့ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီဆို နောင်တရပြီ။ 'ဪ ငါတော်တော်ဝနေပဲ' ဆိုပြီး..
အဲ့လိုအချိန်ဆို ကိုယ့်ကိုသိပ်ဝနေတဲ့ပုံမထင်ရအောင်နေရ၊ပုံတင်ရင်လည်းပိန်တယ်ထင်တာလေးတွေရွေးတင်ရနဲ့။ အဲ့တာဝတဲ့သူတော်တော်များများရဲ့မသိစိတ်မှာဖြစ်တတ်တဲ့ဒုက္ခပေါ့ဗျာ။ ကျွန်တော်အရင်က ပေါင် ၂၁၀ ကျော်ထိ ဝခဲ့ဖူးတာ..ဗိုက်ပူပူဝတုတ်တုတ် တစ်ကိုယ်လုံးလည်း ဝပြဲနေတာပဲ မျက်နှာတွေကအစ ။အဲ့တုန်းကတော့ငါဝတာဘာဖြစ်လဲဆိုပြီးနေလာခဲ့တာ ၂၅ နှစ်လုံးလုံးပါပဲ။
ကိုယ်ဝိတ်ချဖို့ ပထမဆုံးစဆုံးဖြတ်မိတာက ZTA page ကနေ Before & After များ တွေ့ရင်းနဲ့ Motivate တွေဖြစ်နေအချိန် သင်တန်းသစ်စတော့မယ်ဆိုတဲ့ ကြော်ငြာလေးကိုတွေ့ရော ငါလည်းပြောင်းလဲကြည့်မယ်ဆိုတဲ့စိတ်နဲ့ ဘယ်သူ့တိုက်တွန်းချက်မှမပါ၊ဘယ်သူ့ကိုမှတိုင်ပင်မေးမနေပဲ ကိုယ့်ဘာကိုယ်သွားအပ်လာတာ။
ပြီးမှ မစခင် သင်တန်းစတက်ခါနီးလေ ကိုယ့်ဟာကိုယ်အတွေးလွန်ပြီး စဉ်းစားရင်းစိတ်ပူလာလေဖြစ်လာရော...ဘယ်လောက်ပဲအားတင်းထားပါတယ်ပြောပြော ကိုယ်မကျင်လည်ဖူးတဲ့ပတ်ဝန်းကျင်ကိုသွားရ၊ကိုယ်လုံးဝမလုပ်ဖူးတဲ့ အလုပ်တွေကိုစလုပ်ရတော့မယ်ဆိုတော့..မစခင်မှာ တခြားလူတွေနဲ့လုပ်ရမှာ ငါသူတို့လိုလိုက်လုပ်နိုင်ပါ့မလား၊နာကျင်တဲ့ဒဏ်တွေငါခံနိုင်ပါ့မလား၊ တော်တော်များများပြောသလို ၂ ရက် ၃ ရက်ပြီးရင်
ဆက်မလုပ်နိုင်ပါဘူး ဆိုတဲ့အတွေးတွေတော့ဝင်ခဲ့ပါတယ်။
သင်တန်းတက်နေရင်းနဲ့လည်း သူများတွေကိုကြည့်ပြီး သူတို့ကငါ့ထက်ပိုသန်မာကြပါလား
ဘယ်တော့များမှ သူများတွေလိုဖြစ်မှာလဲ၊
တစ်ခါတစ်လေ မောပန်းလွန်းလို့ ငါဖြစ်ချင်တဲ့ Body Goal လည်းမဖြစ်ချင်နေဆက်မလုပ်ချင်တော့ဘူး..လက်လျော့လိုက်တော့မယ်ဆိုတဲ့စိတ်၊
နာကျင်လွန်းလို့မသွားပဲနေရမလားဆိုတဲ့စိတ်တွေနဲ့ပဲ
မနက်ဖြန်ပေါင်းများစွာကိုအလျော့မပေးပဲ အားတင်းကျော်ဖြတ်လာခဲ့တယ်။
အရင်ကကိုယ်လက်လှုပ်ရှားမှုနဲခဲ့တာကြောင့်
ပထမ စလေ့ကျင့်ချင်းရက်ကဆို သွေးပူလေ့ကျင့်ခန်းလောက်ပဲလုပ်ရတာကို အပြန်လှေကားကဆင်းတော့ပေါင်တွေကွနေလို့ ဖြေးဖြေးချင်းဆင်းလာခဲ့ရတယ်။ညအိပ်တော့လည်း နာလို့ကိုယ့်ဘာကိုယ်ပြန်နှိပ်နေရတယ်။
အမေကဆို ကိုယ့်ကိုကြည့်ပြီး သနားလို့
ပြောရှာတယ် ပိုက်ဆံအဆုံးခံပြီး နောက်ရက်မသွားနဲ့တော့ ဆိုပြီး..
ဒါပေမဲ့ ပထမဆုံးရက်ကနေ မနက်ဖြန်ပေါင်းများစွာကို တစ်ရက်မှမပျက်ပဲ နာကျင်မှုတွေအံတုပြီး အလျော့မပေးပဲ ဖြတ်သန်းလာခဲ့တာ။
အဲ့တုန်းကသာသူများတွေ တော်တော်များများလို ကိုယ်လည်းအလျော့ပေးခဲ့မယ်ဆို အခုနေ ဒီလိုပြောင်းလဲမှုများရလာမှာမဟုတ်ဘူး။
အခုဆိုရင် အစားသောက်စားတာကအစ
ဒါကတော့ကိုယ့်အတွက်ဘယ်လိုရှိမလဲ၊
ကျန်းမာရေးအတွက်ရောသင့်တော်ရဲ့လား၊
ဒါကိုတော့ ဘယ်လောက်ပဲစားသင့်တယ်ဆိုပြီးတော့ ချင့်ချိန်စားတတ်လာတဲ့အပြင် အနေအထိုင်ဆိုလည်း ဒီနေ့ဘယ်လောက်ပြန်လှုပ်ရှားမှ
မအိပ်ခင်လေး တစ်နာရီလောက်လမ်းလျှောက်လိုက်ဦးမယ်ဆိုတဲ့ အကျင့်မျိုးလေးတွေပါအလိုလိုဖြစ်လာလို့ ကိုယ်ဘာကိုယ်ကျေနပ်နေတာ။
နောက်ပြီး ကိုယ့်ရဲ့ပြောင်းလဲမှုတွေကို အဓိကဦးဆောင်ပြီး ပုံဖော်ပေးခဲ့တဲ့ MMZTA က
Coach ဆရာရယ် ၊ နေရာဒေသအစုံ မတူညီတဲ့နယ်ပယ်အစုံကနေ တူညီတဲ့ ပန်းတိုင်တစ်ခုကို အရောက်သွားဖို့ MMZTA မှာစုံခဲ့ရတဲ့ ညီအစ်ကိုတွေရယ် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
နောက်ဆုံးပြောချင်တာကတော့ ဝနေတဲ့သူတွေ
ဝိတ်ကျပြီးသူများလို ပိန်ပိန်ပါးပါး၊ Smart ကျကျလေးဖြစ်ချင်ပေမဲ့ ခုနကကျွန်တော် တွေးသလို အတွေးလွန်ပြီးစိုးရိမ်စိတ်မျိုးဖြစ်နေလို့ စဖို့ခက်နေတာမျိုးဆိုရင်... အဲ့စိတ်လေးတွေကိုကြိုးစားမေ့ဖျောက်ပြီး လက်တွေ့လုပ်ကြည့်လိုက်ပါ။ အဓိကကတော့ ဘယ်အလုပ်မဆို
စလုပ်နိုင်ဖို့နဲ့ အားမလျော့လိုက်ဖို့ပဲလိုတာပါ။
ပြးရင် တစ်ပတ်နဲ့တစ်ပတ် တစ်လနဲ့တစ်လ
မတူတော့တဲ့ ကိုယ့်ပြောင်းလဲလာမှုတွေကို
ကိုယ်တိုင်ပြန်ကြည့်ရတဲ့ Feeling လေးကိုခံစားကြည့်ပါ။ သူများ Before & After တွေကြည့်နေရတာထက်ကို ပိုကောင်းတဲ့ Motivation မျိုးပေးနိုင်မှာ လုံးဝအသေချာပါပဲဗျာ ..."
 
Hey you ‼️ သူများတွေ အင်္ကျီလှလှလေးတွေ ဝတ်တဲ့ချိန်ဆို ကိုယ်လည်းဝတ်ချင်ပြီး
Size မတော်လို့စိတ်ညစ်နေရပြီလား ⁉️
Confidence တွေရောပျောက်နေပြီလား🤔⁉️
☘️ဒါဆိုရင်တော့ ဘာမှစိတ်ညစ်စရာမလိုတော့ပါဘူးနော် ပေါင်ချိန် စုစုပေါင်း ၂၅ ပေါင်ကျသွားပြီးခန္ဓာကိုယ်အချိုးစား ပြောင်းလဲသွားတဲ့ ချစ်စရာကောင်းတဲ့ ညီမလေး မကြူကြူလှိုင် ရဲ့
ကြုံတွေ့ခဲ့တဲ့ review စာလေးကို
မိတ်ဆွေ ညီကိုမောင်နှမများ အားတက်သွားစေဖို့ အောက်မှာမျှဝေဖော်ပြပေးလိုက်ပါတယ်ရှင့် 🤗⤵️
"ညီမသင်တန်းမတက်ခင်က သွားလာနေထိုင်ရတာ ခက်ခဲလေးလံပြီး အဝတ်စားဝယ်ရ၊ ဝတ်ရတာတွေ အဆင်မပြေခဲ့ဘူး။
အရမ်းပိန်ချင်လာလို့ သင်တန်းကိုတက်ဖြစ်ခဲ့တယ်။
ညီမ သူငယ်ချင်းတစ်ယောက်က သင်တန်းကိုညွန်းတာနဲ့ သိသိချင်းပဲ တက်ဖြစ်ခဲ့တယ်။
အရင်ကဆို သူများတွေ အင်္ကျီလှလှလေးတွေ ဝတ်တဲ့ချိန် မြင်လိုက်ရင် အရမ်းအားကျပြီး ဝိတ်ချချင်စိတ်တွေဖြစ်ခဲ့ရတယ်။
သင်တန်းတက်တဲ့အချိန်မှာဆို ပျော်ရွှင်မှုတွေအများကြီးရတယ်.. ဆရာ၊ဆရာမ တွေရော ၊ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းအသစ်တွေရလို့ သင်တန်းကိုပိုကြိုက်မိပါတယ်။
သူငယ်ချင်းတွေနဲ့ အတူတူကစားရတာဆိုတော့
ပျင်းလည်းမပျင်းရဘူး ဝိတ်လည်းကျတယ်။
သင်တန်းတက်ပြီး ဝိတ်ကျသွားတော့
သွားရလာရလည်းပေါ့ပါးသွားတယ်၊
အင်္ကျီလှလှလေးတွေလည်း ဝယ်လို့ရဝတ်လို့ရသွားတယ်။
ဝိတ်ချချ ချင်းအချိန်မှာတော့ အစားစာပိုင်းမှာ
ကိုယ်ခန္ဓာကျန်းမာစေမဲ့ Healthy food/clean food တွေကိုခန္ဓာကိုယ်အတွက်လိုအပ်သလောက်ပဲ စားရတော့မှာဆိုတော့ စစချင်းမှာ
အခက်ခဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ကိုယ်ကြိုက်ရာကိုတော့တစ်ပတ်တစ်ခါ အနဲဆုံးသွားစားဖြစ်ခဲ့ပါတယ်။
သင်တန်းကိုစိတ်ဝင်စားနေတဲ့သူများကိုပြောပြချင်တာကတော့ ပိန်ချင်တယ်ဆိုရင်တော့
မြန်မြန်ထိရောက်စွာပြောင်းလဲပေးတဲ့ ZTA ကိုလာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်
အခုမှစပြီး သင်တန်းတက်ပြီးဝိတ်ချတော့မဲ့
မိတ်ဆွေများကိုလည်း Fighting ပါလို့ပြောလိုက်ပါတယ်ရှင့်"
"သင်တန်းမတက်ခင်က သွားလာနေထိုင်လို့မကောင်းခဲ့ဘူး နောက်ပြီးအပြင်သွားရင်လည်းယုံကြည်မှုကိုမရှိဘူး..
သင်တန်းကိုတက်ရတဲ့အဓိက ရည်ရွယ်ချက်ကတော့ ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ချင်လို့ပါ။
ညီမရဲ့ မိတ်ဆွေအသိတစ်ယောက်ဆီကနေမှတစ်ဆင့် ZTA သင်တန်းကိုစသိခဲ့တယ်။
သိသိချင်းဘဲတက်ဖြစ်ခဲ့ပါတယ်။
ညီမ ၁၀ တန်းပြီးတဲ့အချိန်ကနေစပြီး ဝိတ်ချဖို့ဆုံးဖြတ်ခဲ့တယ်။
သင်တန်းမှာ Training ပိုင်း နဲ့ Service ပိုင်းကိုအဓိကကြိုက်တယ် နောက်ပြီး အစစအရာရာလည်းအဆင်ပြေတယ်။
အစပိုင်းမှာ Diet plan ကြောင့်
စိတ်ညစ်ရပေမဲ့ နောက်ပိုင်းမှာကျင့်သားရသွားတော့ အဆင်ပြေသွားပါတယ်.. ပိန်ရမယ်ဆိုတဲ့စိတ်နဲ့ကျော်လွှာနိုင်ခဲ့တယ်။
ညီမသင်တန်းကိုတက်ပြီးတဲ့နောက်မှာရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကတော့ ပေါင်ချိန်ကျသွားတ
ယ်၊ခန္ဓာကိုယ်အချိုးစားပြောင်းလဲသွားတယ်၊ကျန်းမာအောင်စားသောက်တဲ့ပုံစံတွေသိရှိလာတယ် နောက်ပြီး ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုရှိလာတယ်။သင်တန်းကိုစိတ်ဝင်စားနေတဲ့သူများကိုပြောချင်တာကတော့
ဝိတ်ကျချင်တယ်ဆိုရင်တော့
ZTA မှာသွားဆော့ပါလို့ တကယ်လိုက်လုပ်ရင် တကယ်ပိန်ပါတယ် ညီမကိုပဲကြည့်ပါနော် ..
တကယ်ကောင်းတဲ့ Fat loss သင်တန်းဖြစ်တဲ့အတွက် တက်ဖြစ်အောင်တက်ပါလို့ ဒီကနေပဲတိုက်တွန်းလိုက်ပါတယ်နော် “
😱 ကျွန်တော့်ဗိုက်ကြီး ပျောက်သွားပြီ
"ကျွန်တော်သင်တန်းကိုမတက်ခင်က နေရထိုင်ရတာတွေကလေးလံထိုင်းမိုင်းပြီးတော့ သွက်လက်မှုမရှိခဲ့ဘူး..
သင်တန်းကိုတက်ဖြစ်ရတဲ့ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက်ကကိုယ်အလေးချိန်လျော့ချချင်တာရယ်၊အသဲအဆီဖုံးတာကိုပျောက်ချင်တာရယ်ကြောင့်ပါ။ရလဒ်ကတော့ ဝိတ်ကျလာတယ်၊ကျန်းမာရေးလည်းကောင်းလာတယ် နောက်ပြီး ကောင်းကျိုးအနေနဲ့ လိုချင်နေခဲ့တဲ့ ကျွန်တော့်ရဲ့သားသမီးရတနာ ကိုယ်ဝန်လည်း အောင်မြင်ခဲ့တယ်။
ZTA သင်တန်းကိုအသိသူငယ်ချင်းတစ်ယောက်ကလမ်းညွန်ပေးတာနဲ့စသိခဲ့တယ်။
ဘန်ကောက်ကနေဆေးစစ်ပြီးအပြန် လေ့ကျင့်ခန်း လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။
သင်တန်းကိုလည်းသိသိပြီးချင်းတက်ဖြစ်ခဲ့တာပါ။
ကျွန်တော်ကဒီသင်တန်းရဲ့ အဖွဲ့လိုက်စည်းစည်းလုံးလုံးလေ့ကျင့်ကြတဲ့ Team work ရယ် Cardio လေ့ကျင့်ရတာတွေရယ်ကို အဓိကကြိုက်ပါတယ်။
စတက်ခဲ့တဲ့နေ့ကစပြီး ယနေ့ချိန် အထိ ကျေနပ်ပျော်ရွင်မှုတွေရခဲ့တယ်။ အပေါင်းသင်း၊မိတ်ဆွေ၊သူငယ်ချင်းအသစ်ဆွေလည်းရတယ်။
သင်တန်းတက်ပြီးပေါင်ချိန်သိသိသာသာကိုကျလာပြီးခန္ဓာကိုယ်လည်းသွက်လက်လာတယ်။
အရင်လိုလေးလံထိုင်းမှိုင်းမှုတွေမရှိတော့ဘူး။
စတက်တက်ချင်း ၅ရက်လောက်မှာတော့ သွေးပှုလေ့ကျင့်ခန်းနဲ့တင်မောတယ်၊အော့အန်တယ်၊နှာခေါင်းသွေးယိုတယ် ဒါနဲ့ဇွဲရှိရှိနဲ့ပဲဆက်လုပ်တယ်။ Trainer ဆရာမ ကလည်း
Motivation တွေပေးရင်းနဲ့လိုက်နိုင်လာခဲ့တယ် ။
အပေါင်းသင်းတွေကလည်း ကျွန်တော့်ကိုအရင်ကနဲ့ အခုအရမ်းကွာသွားတော့ အံ့သြနေကြတယ်။ သူတို့ကိုလည်းကျန်းမာရေးလိုက်စားဖို့ပြောဖြစ်တယ်။သူငယ်ချင်းတစ်ယောက်ဆို အခု 35ZTA မှာစဆော့နေပြီ So good ပေါ့ဗျာ ။
ဒါကြောင့်မိတ်ဆွေများကိုလည်း ကျန်းမာရေးကောင်းဖို့အတွက် လေ့ကျင့်ပါဆော့ကစားပါလို့အကြံပြုချင်ပါတယ်ခင်ဗျာ ။
"လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကုန်မခံပါက ဆေးရုံမှာအချိန်ကုန်ရမယ်" ဆိုသလိုပေါ့ဗျာ ။”
💔 အရင်က အင်္ကျီဝယ်ရင် သိပ်ဒုက္ခရောက်တာ အခုဝယ်ချင်တာ တွေ ဝယ်၊ ဝတ်ချင်တာတွေ ဝတ်လို့ရသွားပြီ။ 💖
"သင်တန်းမတက်ခင်က သမီးဝိတ် ပေါင်၂၀၀ ကျော်ပါတယ်။ အစစ အရာရာမှာ ဒုက္ခရောက်ရပါတယ်။ လူက ဝတဲ့အတွက် သွားရလာရတာလဲလေးလံတယ်။ အပင်ပန်းမခံနိုင်ပဲ အရမ်းမောပါတယ်။ အထူးသဖြင့် အဝတ်အစားဝယ်တဲ့နေရာမှာ size ကအရမ်းရှားတော့ ဒုက္ခရောက်ပါတယ်။
ZTA တက်တာ ဝိတ်ကျချင်လို့ဖြစ်ပါတယ်။ ရလဒ်အကြီးကြီးရဖို့ မျှော်မှန်းခဲ့ပါတယ်။ သာမန်မဟုတ်ပဲ အရမ်းသိသာတဲ့ Body Transformation ကိုရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သင်တန်းကိုရောက်လာတာပါ။ ဖေ့ဘုတ်က review နဲ့ ကြော်ငြာတွေကြောင့် သင်တန်းကို သတိထားမိခဲ့ပြီး သူငယ်ချင်းတွေကလည်း တက်ဖို့ recommend ပေးပြီး join ဖို့အားပေးလို့ ZTA သင်တန်းအကြောင်းသိလာခဲ့တာဖြစ်တယ်။
၁၀ တန်းဖြေပြီး လူတိုင်းကဝလာတယ်ပြောတော့ အရမ်းစိတ်ညစ်ခဲ့ရတယ်။ တကယ်လည်း ပေါင်၂၀၀ ကျော်ပြီးအရမ်းဝနေတော့ Gym ဆော့ဖို့စုံစမ်းရင်း ZTA ကို recommend လုပ်တဲ့လူများလို့ ZTA မှာတက်ဖို့ ဆုံးဖြတ်လိုက်တာပါ။
သင်တန်းကို သိသိချင်း ၁၀ တန်းလည်းပြီးခါစဖြစ်ပြီး မိသားစုနဲ့ ခရီးထွက်သွားတာနဲ့ ချက်ချင်းမတက်ဖြစ်ခဲ့ဘူး။ ပြန်ရောက်တော့ အချိန်ဆက်ဆွဲရင် ပျင်းသွားမှာ စိုးရိမ်လို့ ထပ်အချိန်မဆွဲတော့ပဲ မေလမှာစတက်ဖြစ်ခဲ့ပါတယ်။
သမီးက တကယ်တော့ အားကစားလုပ်ရတာမကြိုက်ပါဘူး။ အရင်တုန်းကလည်း Gym ဆော့ရင် စွဲစွဲမြဲမြဲမလုပ်ဖြစ် မတက်ဖြစ်ဘူး။ ဒါပေမဲ့ ZTA က အခြား Gym တွေနှင့် မတူပါဘူး။ အုပ်စုလိုက်ဆော့ရတဲ့အတွက် ပျော်စရာကောင်းပါတယ်။ ပင်ပန်းလို့ ပင်ပန်းမှန်း မသိသာပါဘူး။ တစ်ခါတလေ outdoor ဆော့ရချိန်လည်း စိတ်အပြောင်းအလဲ ဖြစ်စေတယ်။ သမီးကတော့ အပတ်တိုင်း တောင်တက်ရှိလည်း လိုက်သွားခဲ့တယ်။ နည်းပြတွေက အနီးကပ် train ပေးပြီး သမီးကို အရမ်းဂရုစိုက်ပေးပါတယ်။ ကြာတော့ Trainer တွေရော အခြား မန်ဘာတွေနဲ့ပင် မိသားစုဝင်တွေလို ဖြစ်လာပါတယ်။
သင်တန်းတက်ရတဲ့အထဲမှာ ကျေနပ်တာတွေအများကြီး ရှိခဲ့တယ်။ အကျေနပ်ဆုံးက ခန္ဓာကိုယ် သိသိသာသာပြောင်းလဲသွားတာဖြစ်ပါတယ်။
သင်တန်းရဲ့ training တွေကိုလည်း အားရကျေနပ်မိပါတယ်။ Diet plan လည်း မခက်ခဲပါဘူး။
အရင်က အင်္ကျီဝယ်ရင် သိပ်ဒုက္ခရောက်တာ အခုဝတ်ချင်တာ တွေ ဝတ် ဝယ်ချင်တာတွေ ဝယ်လို့ရသွားပြီ။
အစပိုင်းစဆော့တော့ ခန္ဓာကိုယ်လှုပ်ရှားလေ့သိပ်မရှိတော့ သူများတွေလို ကိုယ်လည်း ပင်ပန်းခဲ့တယ် ။ ညောင်းကိုက်တာတွေလည်း ဖြစ်ခဲ့ပေမဲ့ နည်းပြတွေ မန်ဘာအချင်းချင်း အားပေးတာတွေကြောင့် စိတ်ဓာတ်မကျပဲ အခက်အခဲတွေ ကျော်နိုင်ခဲ့ပါတယ်။
သမီးလိုပဲ ဝိတ်ကျချင်သူတွေ Body Transform ချင်သူတွေကိုလည်း ZTA သင်တန်းကို recommend ပေးချင်ပါတယ်။ လိုချင်တယ့် body goals တွေ ရယူနိုင်ကြပြီး ကျန်းမာချမ်းသာကြပါစေကြောင်း အားလုံးကိုလည်း ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။ "
" ညီမသင်တန်းမတက်ခင်က ဝနေတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခဲ့ဘူး..
သင်တန်းကိုတက်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျန်းမာလှပတဲ့ခန္ဓာကိုယ်ရချင်ခဲ့လို့ပဲဖြစ်ပါတယ်..
သင်တန်းကို အစ်မကဆော့တော့ အစ်မနဲ့အတူလိုက်ဆော့ဖြစ်ခဲ့ပါတယ်..
သင်တန်းမှာ Group တွေအဖွဲ့လိုက်ဖွဲ့ပြီး ဆော့ရတာ၊ကရခုန်ရတာတွေကိုကြိုက်နှစ်သက်ပါတယ်..
ပင်ပန်းတယ်လို့မခံစားရပဲပျော်ပျော်ပါးပါးနဲ့ထိရောက်မှုရှိအောင်ဆော့ရလို့ သင်တန်းကိုတက်ရတဲ့အချိန်မှာ ကျေနပ်ပျော်ရွင်မှုရှိရပါတယ်..
သင်တန်းကိုတက်ပြီးတဲ့အချိန်မှာတော့ ဝိတ်သိသိသာသာကျသွားပြီး ကိုယ့်ကိုယ်ကိုလည်း confident (ယုံကြည်မှု) ရှိလာခဲ့တယ်...
ဝိတ်ကျပြီးခန္ဓာကိုယ်လှပအောင် လေ့ကျင့်ခန်းနဲ့ အစားသောက်ပိုင်းတွေ လိုက်ပါလုပ်ဆောင်ရတဲ့အခါမှာလည်း အခက်ခဲမရှိခဲ့ပါဘူး..
အဆီချဖို့ အသင့်တော်ဆုံးသင်တန်းဖြစ်တယ်လို့ recommend ပေးချင်ပါတယ်...
အခုမှစပြီးသင်တန်းတက်မဲ့သူများကို ထိရောက်တဲ့ training လေ့ကျင့်မှုတွေပေးနိုင်တဲ့သင်တန်းဖြစ်တာကြောင့်တက်ကြည့်ပါလို့ပြောချင်ပါတယ်ရှင့်...”

သင်တန်းအကြောင်း ဆက်လက်စုံစမ်းရန် အောက်ပါ ခလုတ်ကို နှိပ်ပါ။

Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.