အသက် ( ၂၂ နှစ် မှ ၅၅ နှစ်အတွင်း) ရှိ အမျိုးသား၊ အမျိုးသမီးများအတွက်

" မြန်မာပြည်ရှိ အကောင်းဆုံး အထူး ဗိုက်ပြုတ်.ဝိတ်ကျသင်တန်း "

 ____________________________

 

 

(ဗီဒီယိုကြည့်လို့ရအောင် VPN ပိတ်ဖို့ လိုပါမည်)

 

NOT FOR EVERYONE !

ယခုသင်တန်းသည် လူတိုင်းအတွက်မဟုတ်ပါ။ 

  • ၅ ပေါင် ၊ ၁၀ ပေါင်ခန့်သာ ဝိတ်ချရန်လိုနေသူများ
  • ဗိုက်အနည်းငယ်သာ ပူနေသူများ
  • ဒူးနာ၊ ခါးနာ ပြင်းပြင်းထန်ထန်ဖြစ်နေသူများ
  • အခြေခံကျန်းမာရေးမကောင်းသဖြင့် ကိုယ်လက်လှုပ်ရှားမပြုလုပ်နိုင်သူများ
  • ပိန်နေလို့ ဝချင်သူများ 
  • ယခင်က လေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိပဲ ယခုမှစလုပ်လိုသည့် အသက် ၆၀ ကျော်သူများ နှင့်
  • " ဝိတ်ကျရင်ပြီးရော.. ကျန်းမာရေးနဲ့ မညီညွတ်လည်း ရတယ် " ဆိုကာ ရေရှည်လုပ်မရသည့် ဖြတ်လမ်းတွေကိုသာ တစ်ခုပြီးတစ်ခုလုပ်လိုသည့် စိတ်မနိုင်သူများအတွက် 

လုံးဝ ၊ လုံးဝမဟုတ်ပါ။

 

ONLY FOR THOSE !

ယခုသင်တန်းသည် ကျန်းမာရေးနှင့်အညီ စားသောက်ကာ ကိုယ်လက်လှုပ်ရှားပြီး >> မိမိကျန်းမာရေး၊ အလှအပ၊ စွမ်းဆောင်မှုအား နှင့် ယုံကြည်မှုတို့ကို အပြတ်ပြောင်းလဲပစ်လိုသည့်

  • အခြေခံကျန်းမာရေးကောင်းမွန်ပြီး
  • ကိုယ်လက်လှုပ်ရှားနိုင်သည့်
  • အသက် ( ၂၂ နှစ် မှ ၅၅ နှစ်အတွင်း ) ရှိ
  • ပေါင်  ( ၂၀ မှ ၈၀ ကျော် ) ဝိတ်ချရန်လိုနေသည့် ဗိုက်ပူခါးတုတ်နေသည့်အမျိုးသား၊ အမျိုးသမီးများအတွက်သာ

ဖြစ်ပါသည်။

 

 

ဗိုက်ပြုတ်.ဝိတ်ကျဖို့

____________________

  • တစ်ပတ်လျှင် (၃)ရက်သာ ( Mon+Wed+Fri )  တစ်ရက်လျှင် ညနေ (၅ခွဲ မှ ၆ခွဲ) တစ်နာရီခန့်သာ Zoom Live ဖြင့် (သို့မဟုတ်) Zoom အချိန်မအားပါက Recorded Video ဖြင့် မိမိအားသည့်အချိန် လေ့ကျင့်ခန်းလုပ်ရုံဖြစ်ပြီး 
  • အစားအရမ်းလျော့စရာမလိုပဲ မိမိအတွက်ပေးထားမည့် ကျန်းမာရေးနှင့်ညီညွတ်သည့် Diet Plan အတိုင်း တစ်ရက်(၃)နပ် ဗိုက်ပြည့်အောင်စားရုံဖြင့်

ဗိုက်အဆီကျဝိတ်ကျစေကာ အပြတ်ပြောင်းလဲစေမည့် အထူးဝိတ်ကျသင်တန်းဖြစ်ပါသည်။ 

( ညနေ Live အချိန်အဆင်မပြေသဖြင့် မနက် ( ၆ခွဲ - ၇ခွဲ ) အမျိုးသမီးသီးသန့် Live အချိန် အဆင်ပြေပါက messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။ )

 

______________________________

 

SAYAR Z မှ နည်းပြလုပ်သက် ၁၂-နှစ်ကျော် အတွေ့အကြုံဖြင့် အထိရောက်ဆုံး၊ အကူညီနိုင်ဆုံးပုံစံဖြစ်အောင် သီးသန့်စီစဉ်ထားပြီး ဝိတ်ချပြောင်းလဲပေးနေသည့်

မြန်မာပြည်ရှိ အကောင်းဆုံး အထူးဗိုက်ပြုတ်.ဝိတ်ကျသင်တန်းတစ်ခု ဖြစ်ပါသည်။

 

ဝိတ်ကျပြောင်းလဲဖို့အတွက် နောက်ထပ်သင်တန်းသစ်တွေ ထပ်တက်စရာ ၊ ထပ်ရှာစရာမလိုတော့အောင် ရလဒ် ရဖို့ကိုသာ အဓိက Focus ထားပြီး လမ်းညွှန်လေ့ကျင့်ပေးနေသည့် သင်တန်းဖြစ်ပါသည်။


တစ်ပတ်အတွင်း သိသာည် ဖြစ်ပြီး သင်တန်းအကြောင်း နှင့် နည်းစနစ်အကြောင်း အသေးစိတ်အား အောက်တွင် ဆက်လက်ဖတ်ရှု့နိုင်ပါသည်။

🎥 Live လေ့ကျင့်ခန်းသင်တန်းစနေပါပြီ။

သင်တန်းသားသစ် လက်ခံစာရင်းမပိတ်မှီ / အထူးတန်သင်တန်းကြေးပရိုမိုးရှင်းမပြီးခင် အမြန်အပ်နှံလိုက်ပါ ။

00

DAYS

00

HOURS

00

MINS

00

SECS

"ပေါင် ၄၀ နဲ့ ဗိုက် ၁၀ လက်မ ချနိုင်ခဲ့ပါတယ် အစားအငတ်ခံတာမရှိဘဲ ခန္ဓာကိုယ်ပြောင်းလဲလာတာကိုအရမ်းသဘောကျ 🥰🥰"

Ma Khin Chan Myae Kyaw
Online Class Member

"အပြင်မှာ သွားဆော့နေသလိုပဲ ခံစားရပါတယ် online class ဆိုပေမဲ့ သေချာဂရုစိုက်ပေးလို့ အရမ်းအဆင်ပြေပါတယ်"

Ma Thet Mon Zaw
Online Class Member

"အချိန်တိုအတွင်းမှာပဲ မကျလောက်ဖူးထင်ထားပေမယ့် ထင်ထားတာထက် ပိုပီးကျစ်လျစ်သွားလို့ အရမ်းကျေနပ်ပါတယ်"

Ma Mon Mon Khaung
Online Class Member

"အသက်၆၄နှစ်မှာ စာသင်ချိန်အများကြီးသင်နေရင်းဝိတ်တက်လာတာ သမီးနှစ်ယောက်နဲ့ Online LIVE Class ကို ဝင်ရောက်ခဲ့ပါတယ်။ သွေတိုး ဆီးချိုမဖြစ်ခင်လေး အချိန်မီရုံပါပဲ။(Diet) သီးသန့်မလုပ်နိုင်ပါ ။ဆန်/ဂျုံလျှော့၊အသီးရွက်အသားပိုစား၊စားနေကျပမာဏထက် အနည်းငယ်လျော့စား တာလောက်ပဲလုပ်နိုင်ပါတယ်။ ပေါင် (40) လောက် တစ်ကယ် ကျခဲ့ပါတယ်။ "

U Kyaw Ngwe
Online Class Member

"140 ကနေ 120 ကျသွားပါတယ် အရင်ကခါးနားတာတွေလည်းမရှိတော့ဘူး အစားအသောက်နဲ့ ပတ်သတ်တာရော ကျန်းမရေး ဗဟုသုတလေးတွေလည်း အများကြီး ရခဲ့ပါတယ် "

Ma Mawi Mawi
Online Class Member

"သွားရလာရတာ အရင်လိုလေးလံခြင်းမရှိတော့ ထိုင်ရထရလွယ်လာတယ် အမောခံနိုင်လာတယ်..ပေါ့ပါးလန်းဆန်းလာတယ် သင်တန်းတက်ရတာ အရမ်းအဆင်ပြေပါတယ်"

Oo Naing Tun
Online Class Member

"အသက် ၂၅ နောက်ပိုင်း ချရခက်တဲ့ ဗိုက်အဆီကြီး မကျတော့ဘူးထင်ခဲ့တာ စိတ်ညစ်နေခဲ့ရတာ ဆရာတို့နဲ့တွေ့ပြီး ကျသွားခဲ့တယ် ပြောင်းလဲသွားခဲ့လို့ကျေးဇူးတင် ပျော်နေပါတယ် ❤️ "

Ma Zu Zu Soe
Online Class Member

HOW WE DO IT ? 

အဆီတစ်ပေါင်သည် အမြင်အရ ပုံပါအတိုင်း ပမာဏရှိပါသည်။


မြင်ယောင်ကြည့်လိုက်ပါ။ 

အကယ်လို့ ထိုကဲ့သို့သော အဆီပေါင်ချိန် - ၂ဝ ပေါင်လောက်သာ မိမိခန္ဓာကိုယ်မှ ပျောက်သွားမယ်ဆိုလျှင်ပင် မိမိအနေဖြင့် -

  • မည်မျှ ပေ့ါပါးသွားမလဲ?
  • မည်မျှ ဗိုက်ချပ်ခါးသေးလာမလဲ?
  • မည်မျှတောင် ကျန်းမာပြီးပိုလှလာမလဲ? ကို

ခဏလောက် အစမ်းမြင်ယောင်ခံစားကြည့်လိုက်ပါ။

အကယ်လို့ မိမိချရမည့် ပေါင် ( ၂၀ မှ ၈၀ အတွင်း) ဝိတ်တွေသာ အကုန်ချနိုင်ခဲ့ရင် မိမိဘဝ၏ ပြောင်းလဲမှုကြီးတစ်ခုလို့တောင် ဆိုလို့ရနိုင်သည် မဟုတ်လား?

  • ကိုယ့်ရဲ့ သွားလာလှုပ်ရှားတဲ့ ပုံစံတွေ ဘယ်လိုပြောင်းလဲသွားနိုင်လဲ?
    ခါးကော့ရင်မော့လမ်းလျှောက်နေမှာလား (သို့)
    အခုလို ငိုက်စိုက်စိုက်လျှောက်နေမှာလား
  • အမောခံနိုင်ပြီး ပေါ့ပါးသွက်လက်နေမှာလား (သို့)
    အခုလိုပဲ မောလွယ်ပြီး လေးနေလို့ ဘယ်သွားသွားနှေးနေမှာလား 
  • ကြိုက်ရာဒီဇိုင်းရွေးပြီး စမတ်ကျကျဝတ်နေမှာလား/လှလှလေးဝတ်နေမှာလား (သို့) ကြိုက်တဲ့ထဲက ဆိုဒ်ရှာရခက်လို့ အခုလို ဗိုက်အဆီဖုံးတာတွေပဲ အဓိကရွေးဝတ်နေမှာလား

အလုပ်လုပ်တဲ့ပုံစံရော ဘယ်လိုပြောင်းလဲသွားနိုင်လဲ?


မိမိကိုယ်ကို ယုံကြည်မှုတွေ ဘယ်လောက်တိုးတက်လာနိုင်လဲ?

ဒါတွေက ကိုယ်သာပြောင်းလဲချင်ရင် ရွေးချယ်လို့ရတဲ့အရာတွေပါ။..

 

ထို့ကြောင့်...

 


အမှန်ကို စတင်ရင်ဆိုင်လိုက်ရအောင် ။

အဆီတစ်ပေါင်သည် 3500 ကယ်လိုရီ နှင့် ညီမျှသည့်အတွက် > ကျန်းမာရေးနှင့်အညီ အဆီတစ်ပေါင်ကျလိုပါက မိမိခန္ဓာကိုယ်အား 

  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ပြီး
  • Healthy Diet စားကာ

3500 ကယ်လိုရီလျော့သွားအောင် ပြုလုပ်ရမည်ဖြစ်သည်။ 

 

ဒီနေရာမှာ  ..


စဉ်းစားသင့်စရာတစ်ခုက

အဆီတစ်ပေါင်အတွက် 3500 ကယ်လိုရီလျော့ရမယ်ဆိုရင် အကယ်လို့ မိမိသည် ပေါင် 20 ချဖို့လိုသူဖြစ်တယ်ဆိုရင် စုစုပေါင်း - ကယ်လိုရီ 70,000 လျော့ရမယ် ဆိုသည့်သဘော ဖြစ်သည်။ ဘယ်လောက်တောင်များလဲနော်?

3,500 CAL × 20 LBS OF FAT = 70,000 CAL

ထို့ကြောင့်

ပေါင် ၂၀ = ကယ်လိုရီ ၇ သောင်း ကို

" ၁-ပတ် အတွင်း "

လျော့ဖို့စိတ်ရှိခြင်း ၊ လုပ်ခြင်း သည် ကျန်းမာရေးနှင့် မညီညွတ်သည်ကို မြင်သာမိစေမည် ထင်ပါသည်။ ဝိတ်ကို အချိန်တိုအတွင်း များများကျဖို့ လောဘမထားသင့်သည်ကို ဆင်ခြင်မိစေမည်ဟု ထင်ပါသည်။

( ၁-ပတ်အတွင်း ပေါင် ၂၀ လုံးဝမကျနိုင်ပါ ဟု မဆိုလိုပါ။ ကျကောင်း ကျနိုင်ပါသည်။ ။ သို့သော် အဆီဝိတ်တွေ အဓိကကျခြင်းမဟုတ်ပဲ ကျန်းမာရေးအတွက် အရေးကြီးသည့် အခြားသော တန်ဖိုးရှိ ကိုယ်တွင်းဝိတ်တွေများစွာပါ ကျသွားမည် ဖြစ်သည်။) 

 


အဘယ့်ကြောင့်ဆိုသော် ..


အဆီတွေကို လောင်ကျွမ်းဖို့အတွက် ခန္ဓာကိုယ်ကိုယ်တွင်းအင်္ဂါများမှာ အလုပ်များစွာ ပြုလုပ်ရပါသည်။ ၁နှစ် ၂နှစ်မက စုလာခဲ့သည့် အဆီပမာဏများစွာကို ၁-ပတ်အတွင်း ကျဖို့မှန်းခြင်း ၊ လုပ်ခြင်းသည် မှန်ကန်သော Approach မဟုတ်သည့်အပြင် ဗေဒင်ဟောစရာမလိုအောင် မိမိကို ကျရှုံးစေမည့် ဝိတ်ချနည်းဖြစ်သည်။ 

 

ထို့ကြောင့် ဝိတ်ချခြင်းသည်

  • မိမိဖြစ်လိုသည့် တစ်ဇွတ်ထိုးစိတ်တစ်ခုတည်းနှင့်လုပ်ရခြင်း မဟုတ်သည့်အပြင်
  • Motivation နှင့်လုပ်ရတာမျိုးလည်း မဟုတ်သည်ကို

လက်ခံသွားမည်ထင်ပါသည်။

ဒါဆို .. ဘယ်လိုလုပ်သင့်လဲကို သိချင်ပါလားနော် ?

 


အဆီ ပေါင် ၂၀ သည် အဆီ ၁ ပေါင် × ၂၀ခါစာနှင့် ညီမျှသည်။

ဝိတ်ချလိုစိတ်ပြင်းထန်ခြင်းသည် အလွန်ကောင်းပါသည်။ ထိုစိတ်ကို နည်းဗျုဟာကျကျ အသုံးချပြီး ပြောင်းလဲအောင်မြင်အောင် အသုံးချသင့်ပါသည်။

မိမိကြိုးစားမှုပေါ်မူတည်ပြီး ရလဒ်မတူနိုင်သည့်အတွက် ဥပမာတစ်ခုပြရလျှင်

ဥပမာ ။ ။
ပထမအပတ် ၂ ပေါင်ကျ
ဒုတိယအပတ် ၂ ပေါင်ကျ
တတိယအပတ် ၂ ပေါင်ကျ
..
ဒီလိုနဲ့ ၁၀ ပတ်မြောက်တော့ ပေါင် ၂၀ တောင် ကျသွားပြီး ကျေနပ်ရတာမျိုး ၊ ပျော်ရတာမျိုး ၊ ဂုဏ်ယူရတာမျိုး ဖြစ်သည်။
(မှတ်ချက်။ ။

ဝိတ်များများကျဖို့လိုသူများမှာ ပိုအကျမြန်တတ်ကြသည်။

အပတ်တိုင်း ပုံသေကျချင်မှ ကျတတ်သည်။

တစ်ပတ်ပြီးတစ်ပတ် လိုသလို အစားနှင့် လေ့ကျင့်ခန်းကို ချိန်သွားပါက ၃-လ မြောက်မှာ ကျသမျှ စုစုပေါင်းပြီး လုံးဝသိသာသွားခြင်းမျိုးဖြစ်သည်။

ရလဒ်အများစုမှာ နောက်ပိုင်းရက်တွေမှာ ပိုရတတ်တာကြောင့် မရပ်ပဲ အဆုံးထိသွားဖို့ အရေးကြီးဆုံးဖြစ်သည်။)

 


တစ်ပတ်ပြီးတစ်ပတ် ကျကျသွားပြီး တစ်ရိပ်ရိပ်နှင့် ပိန်သွယ်လှပလာဖို့ကို ကြိုးစားသွားရသည့်ပုံစံမျိုး ဖြစ်သည်ကို မြင်မိသွားစေမည်ဟု ထင်ပါသည်။

ငွေစုသလို ပေါင်ချိန်လေးတွေကို စုစုသွားရတာမျိုးဖြစ်တယ်

ဟု ဝိတ်ချနည်း အခြေခံသဘောတရားကို အရင်ဆုံး နားလည်ထားရပါသည်။ ထိုသို့နားမလည်ထားပါက မိမိစိတ်ကသာ မိမိကိုပြန်ဖျက်စီးမိကြသည့်အတွက် ပြန်ပြန်စလုပ်လို့မဆုံး ဖြစ်ပြီး အောင်မြင်စွာ ဝိတ်မချနိုင်ခဲ့သူများ ၊ မပြောင်းလဲနိုင်ခဲ့သူများကဲ့သို့ ဖြစ်သွားတတ်ပါသည်။

ထို့ကြောင့် 

အနည်းဆုံး ၃-လ လုပ်မည်ဟု ကြိုတွေးထားပြီး လက်တွေ့ပြုလုပ်သူများမှာ ပိုမိုအောင်မြင်စွာ ဝိတ်ကျပြောင်းလဲနိုင်ကြသည်ကို တွေ့ရလေ့ရှိသည်။

တကယ်တော့...
၃-လဆိုသည့်ကာလသည် မများပါ။

သို့သော် မရောက်သေးသည့် အဝေးမှာရှိနေသေးသည့် ၃-လ အကြောင်းကိုသာ ကြိုစဉ်းစားနေရင် အကျိုးမရှိကာ မိမိကို အပိုစိတ်မောစေရုံသာဖြစ်လို့ ခဏမေ့ထားပြီး

 

ဒီလိုလေးတွေးကြည့်ရအောင်။

အချိန်ကာလ (၂)ခုဖြစ်သည့်

  • ယခု(Present) နှင့်
  • အနာဂတ်(Futrue) မှာ

ဘယ်အချိန်ကာလက ပိုအရေးကြီးမယ်ထင်ပါသလဲ ?

ဒါပေါ့..

လက်ရှိ ယခု (Present) ပေါ့နော်..


လက်ရှိ ယခု (Present) မှာ မိမိပြုလုပ်နေတာတွေကနေမှ မိမိအနာဂတ်ဖြစ်လာတာပါ။

-----------------------

Q. တကယ်လို့ လက်ရှိမှာ မိမိက ကျန်းမာရေးမလိုက်စားဘူး ၊ မိမိကိုယ်ကိုပစ်ထားနေရင် အနာဂတ်မှာ မိမိကျန်းမာရေး နဲ့ အလှအပအခြေအနေမှာ ပိုဆိုးနေမှာမဟုတ်လား ?

A. YES

------------------------

Q. ဒါဆိုရင် အခုကစပြီး ခဏနေကို မိမိစားတော့မည့် အစားအစာကို ရွေးချယ်စားလိုက်မယ်။ အပျင်းပြေလေး တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုရင်ရော?
မိမိအနာဂတ်က ပိုဆိုးလာမှာလား ? ပိုကောင်းလာမှာလား ?

A. ဒါပေါ့.. ပိုကောင်းလာမှာပေါ့..

------------------------

အစားလေးရွေးချယ်စားလိုက်တယ်။ တစ်နာရီလောက်လေ့ကျင့်ခန်းလုပ်လိုက်တာလေးနဲ့ မိမိအနာဂတ်က အကောင်းအဆိုး တခြားစီ ချက်ချင်းဖြစ်သွားခြင်းပါ။

ဒါကြောင့် မိမိအနာဂတ်ဆိုတာ မိမိလက်ရှိယခုလုပ်နေသည့်အရာပေါ် မူတည်နေသည့်အတွက်

နောင်အတွက် ကြိုတွေးစိတ်မောနေစရာ လုံးဝမလိုပဲ > အခုကို ရသမျှစလုပ်ဖို့သာ အရေးကြီးဆုံးဖြစ်သည်

ကို မြင်သာသွားစေမည် ထင်ပါသည်။

အောင်မြင်သူတွေက ထိုသို့တွေးတတ်ကြလို့ အောင်မြင်ကြခြင်းဖြစ်သည်။

ဒီလိုလေးတွေ တွေးတတ်ပြီဆိုရင်

 

---------------------------

အရေးကြီးဆုံး ဒီတစ်ခုကို ဆန်းစစ်ကြည့်လိုက်ရအောင်။

အနာဂတ်ဆိုတာ အခု ဖြစ်သည့်အတွက်
အကယ်လို့ မိမိကိုယ်ကိုဝိတ်ကျပြောင်းလဲအောင်လို့ အခုကို ချက်ချင်းရွေးချယ်စားသောက်တော့မယ်၊ ချက်ချင်းလေ့ကျင့်ခန်းစလုပ်တော့မယ်ဆိုရင်


Q. မိမိအနေဖြင့် ဘာစားရမလဲ? ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲကို ရှင်းရှင်းလင်းလင်း အတိအကျ သိထားပြီးပါပြီလား ?

A. အဖြေမှာ No ! ဖြစ်ပါက

 

မသိသေးပါက >> အရင်ဆုံး သိအောင်လုပ်သင့်သည်မဟုတ်လား?

 

အဘယ့်ကြောင့်ဆိုသော် 
ဘာစားရမယ်၊ ဘာလုပ်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိထားပါက မလုပ်ဖြစ်ကြတာများပါသည်။ လုပ်ရင်လည်း ရှင်းရှင်းလင်းလင်းမသိသဖြင့် ထိထိရောက်ရောက် မပြောင်းလဲနိုင်ကြလေ့ရှိသည်။

ရှင်းလင်းစွာသိမှ ရလဒ်ရခြင်းဖြစ်သည်။

အများစုမှာ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းမသိသေးတာကို သိအောင်မလုပ်ပဲ၊ မိမိ၏မသိခြင်းကို တာဝန်မယူပဲ ..

မသိလို့ဆိုကာ မသိခြင်းကိုသာ လွှဲချဆင်ခြေပေးကာ ပြောင်းလဲဖို့မလုပ်တော့ပဲ အရင်လို သက်တောင့်သက်သာ ပြန်နေကြသည်။ အဝခံကြသည်။ ကိုယ့်ကိုကိုယ်ပစ်ထားကြသည်။

ထိုသူမျိုးမှာ ယခုပို့စ်ကို ပြီးအောင်ဖတ်ဖြစ်မည်မဟုတ်သဖြင့် ..

အကယ်လို့ အခုထိ မိမိသည် ဆက်လက်ဖတ်ရှု့နေပါက မိမိသည် ထိုသူမျိုးဖြစ်နိုင်ချေ နည်းကောင်းနည်းနိုင်ပါသည်။

မိမိကိုယ်ကို တာဝန်မယူတော့သည့် ထိုသူမျိုးကို အတင်းဝိတ်ချခိုင်းလို့မရပါ။ 

  

ထိုအချက်ကြောင့် လူတိုင်းပိန်ဖို့ မဖြစ်နိုင်သည်ကို သိမြင်စေမည် ထင်ပါသည်။

 

တကယ်ဆို မသိသေးရင် သိအောင်လုပ်မှသာ မိမိသည် ဝိတ်ချအောင်မြင်သူ 5% ထဲတွင် ပါဝင်မည်ဖြစ်သည်။

အတိအကျသိမှ ပြောင်းလဲနိုင်မည်။


အတိအကျသိခြင်းကသာ ပြောင်းလဲမှုကို ဖြစ်စေမည်ဖြစ်သည်။

--------------------------

ထို့ကြောင့် ယခု ဗိုက်ပြုတ်.ဝိတ်ကျသင်တန်းသည် လူတိုင်းအတွက်မဟုတ်ပါ။


မိမိမသိသေးသည့်အရာကို သိအောင်လုပ်လိုပြီး အပြတ်ပြောင်းလဲလိုသူများကိုသာ

  • စားနည်းအတိအကျ
  • လေ့ကျင့်နည်းအတိအကျပေးကာ

ကူညီပြောင်းလဲပေးခြင်းဖြစ်ပါသည်။

 

သင်တန်းကာလ ၃-လအတွင်း စားရမည့် Diet Plan ကို ပေးပြီး တစ်ပတ် ၃ ရက် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အပြတ်ပြောင်း ဝိတ်ချပေးခြင်းဖြစ်ပါသည်။

ဒီနေရာထိရောက်အောင် ပို့စ်ကိုဖတ်ခဲ့ပြီးပါက ယခုသင်တန်းသည် မိမိအတွက် ဟုတ်မဟုတ်ကို ဆန်းစစ်မိလောက်ပြီ ထင်ပါသည်။

ဗိုက်ပြုတ်.ဝိတ်ကျ စားသောက်နည်း လေ့ကျင့်နည်းအကြောင်းကို အောက်ပါဗီဒီယိုတွင် ရှင်းပြပေးထားပါသည်။

 

(ဗီဒီယိုကြည့်လို့ရအောင် VPN ပိတ်ဖို့ လိုပါမည်)

 ______________________________

12-WEEK CHALLENGE

300,000 ks 650,000 ks 

( 4 Weeks - 120,000 ks ဖြင့် (၃)ခါ ခွဲကာ အပ်နှံနိုင်ပါသည် )

______________________________

ရရှိမည့်အရာများ

  • 1st Week Pre-Live Training Videos >> သင်တန်းစစခြင်း ပထမအပတ်မှာ မိမိအားသည့်အချိန် လေ့ကျင့်ခန်းဗီဒီယိုဖွင့်ကာ လေ့ကျင့်ရမည်ဖြစ်သည်။ ဒုတိယအပတ်မှစကာ Zoom Live တွင် စတင်ပါဝင်နိုင်မည်ဖြစ်သည်။ (ထိုပထမအပတ်တွင် မဖြစ်မနေလိုက်လုပ်ရမည့် အခြေခံလေ့ကျင့်ခန်းဗီဒီယိုများကို လက်ဆောင်အနေဖြင့် ပေးမှာဖြစ်သည်)
  • ဒုတိယအပတ်ကစပြီး ဗိုက်ပြုတ်.ဝိတ်ကျသင်တန်း Zoom Live - Group Exercise Trainings ၃-လကာလ မှာ တစ်ပတ်လျှင် ၃-ရက် ( Mon+Wed+Fri ) နေ့တိုင်း၏ ညနေ ( ၅ခွဲ မှ ၆ခွဲ ) 
    အချိန်တွင် 
     Sayar Z နှင့် Sayama Julie တို့မှ အဆီကျဝိတ်ကျဖို့ တိုက်ရိုက် 🔴 Live လွှင့်ကာ သင်ကြားလေ့ကျင့်ပေးသည်ကိုကြည့်ပြီး
  • လက်တွေ့ဝိတ်ချပြောင်းလဲပြမည့် မန်ဘာတွေ လေ့ကျင့်ကြသည်ကို ကြည့်ပြီး အင်တိုက်အားတိုက် အတူလိုက်ပါလေ့ကျင့်နိုင်မည့်
  • အသက်ဝင်လှသည့် မြိုင်မြိုင်ဆိုင်ဆိုင် 🔴 Live လေ့ကျင့်ခန်း သင်တန်းချိန်ပေါင်း ၃၆ ချိန် ပါဝင်သည့် Live Training Experience ကို ဗိုက်ပြုတ်.ဝိတ်ကျသင်တန်းကာလ ၃-လလုံးမှာ ရရှိနေမည်ဖြစ်သည်။ ( ညနေ Live အချိန်အဆင်မပြေသဖြင့် မနက် ( ၆ခွဲ - ၇ခွဲ ) အမျိုးသမီးသီးသန့် Live အချိန် အဆင်ပြေပါက messenger မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။ )
  • အကြောင်းအမျိုးမျိုးကြောင့် Live သင်တန်းချိန်ကို လွှတ်သွားခဲ့ပါက မိမိအားသည့်အချိန် ဗီဒီယိုဖွင့်ကာ မိမိနိုင်သလောက် လေ့ကျင့်ခန်းလိုက်လုပ်ရန်  ၃-လစာ ရှယ်အဆီကျလေ့ကျင့်ခန်းဗီဒီယို - 36 ပုဒ် (Recorded Exercise Videos ) ကိုလည်း သင်တန်း၏ Membersite တွင် ကြိုတင်ပေးထားမှာဖြစ်ပါတယ်။
  • ရလဒ်ပိုကောင်းဖို့အတွက် တစ်ပတ် (၃)ရက်ထက် လေ့ကျင့်ခန်းပိုလုပ်လိုသူများအတွက် မိမိကြိုက်ရာအချိန်မှာတွဲဖက်လေ့ကျင့်လို့ရသည့် အပိုလေ့ကျင့်ခန်းဗီဒီယို ၆-ပုဒ်
  • မိမိအား အပြတ်ပြောင်းလဲစေမည့် Diet Plan နှင့် စားနည်းလမ်းညွှန်ဗီဒီယို - 4 ပုဒ်  
  • သေချာပေါက် ပိုဆော့ဖြစ်ဖို့ တစ်ပတ်လျှင် ၃-ရက် Live လေ့ကျင့်ခန်းအချိန်ရောက်ခါနီးတိုင်း Message ပေးပို့ Remind လုပ်ပေးခြင်းကိုလည်း ရရှိပါမည်။ 
  • မိမိ Personality အရ Group Live လေ့ကျင့်ခန်းအချိန်မှာ Camera ပိတ်ကာ လေ့ကျင့်လိုပါကလည်း ခွင့်ပြုပေးထားမှာဖြစ်ပါတယ်။ သို့သော် မိမိလေ့ကျင့်သည့်ပုံစံမှန်မမှန်ကို ဆရာတို့မြင်မိလို့ ထောက်ပြစေလိုပါက Camera ကိုဖွင့်ထားပါက အကောင်းဆုံးဖြစ်ပါသည်။ မိမိအတွက် အဆင်ပြေရာရွေးချယ်နိုင်ပါမည်။
  • အစားအသောက်ပိုင်းဆိုင်ရာ ရလဒ်ပိုင်းဆိုင်ရာ မိမိသိလိုသည်များရှိခဲ့ပါက အချိန်မရွေး မေးမြန်းနိုင်မည်ဖြစ်သည်။
  • ထို့အပြင် သင်တန်းချိန်မှာ မိမိဝင်မလုပ်မိခဲ့ပါက အခြားသူတွေ လုပ်နေကြမည်ကို သိနေခြင်းဖြစ်သည့်အတွက် အားကျမခံ ပိုကြိုးစားဖြစ်အောင် မိမိကို ဇွဲပိုရှိနေစေမှာ ဖြစ်သည်။ ဒီအချက်မှာ တစ်ချို့သောသူတွေအတွက် ပြောင်းလဲအောင်မြင်ဖို့ လိုအပ်နေသည့်တွန်းအားဖြစ်စေသည့်အတွက် လွန်စွာ အကျိုးရှိစေမည်ဖြစ်သည်။

ယခု Group 🔴 Live သင်ကြားရေးမှာ - သင်တန်းသားများ အကြိုက်များဆုံးဖြစ်ပြီး လေ့ကျင့်ခန်းကို သေချာပေါက် ပိုမိုလုပ်ဖြစ်စေကာ ပြောင်းလဲမှုပိုဖြစ်စေသည့်အတွက် သင်တန်းသားများ အတတ်များဆုံးဖြစ်ပါသည်။ တက်ပြီး ပြန်ဆက်တက်ကြသည့် Popular Class လည်း ဖြစ်ပါသည်။

 

Note - သင်တန်းကြေးများမှာ အသိမပေးပဲ ပြောင်းလဲသွားနိုင်ပါသည်။ 

( ယခုအပ်လျှင် အထက်ပါအထူးတန်းပရိုမိုးရှင်းသင်တန်းကြေးဖြင့် ရရှိမှာဖြစ်သည့်အတွက် 
သင်တန်းကြေးမပြောင်းလဲမှီ အမြန်အပ်နှံလိုက်ပါခင်ဗျာ )
  


 

သင်တန်းအပ်မည်

 

(ဗီဒီယိုကြည့်လို့ရအောင် VPN ပိတ်ဖို့ လိုပါမည်)

 ______________________________

လိုအပ်မည့်အရာများ

1. ဖုန်း (သို့) ကွန်ပျုတာ
2. အင်တာနက်
3. အားကစားဖိနပ်
4. အခင်းပြား ဖော့ပြား
5. အလေးတုံး ( သင်တန်းစစချင်းမလိုအပ်သေးပါ။ သင်တန်းစပြီး တစ်ပတ်ကျော်မှ လိုအပ်ပြီဆိုသည့်အခါ ဆရာတို့ပြောမည်ဖြစ်ပါသည် )


6. Live ဖြင့် လေ့ကျင့်ခန်းအတူလိုက်လုပ်မည်ဖြစ်ပါက Zoom App ( Zoom  မသုံးဖူး/မသုံးတတ်ပါက စိတ်ပူစရာမလိုပါ။ Facebook ထက်သုံးရလွယ်ပြီး ယနေ့ခေတ်မှာ ကလေးငယ်လေးများကအစ အသုံးပြုနေပြီဖြစ်လို့ ခဏလေး ပြလိုက်ရုံနဲ့သုံးတတ်သွားမှာဖြစ်ပါတယ်။ သင်တန်းအပ်ပြီးနောက်တွင် အသုံးပြုနည်းကို ပြောပြပေးပါသည်။ ) 

မိမိမှာ Live သင်တန်းချိန်တက်ရန် အချိန်အဆင်မပြေဖြင့် ဗီဒီယိုဖိုင်ဖြင့် မိမိအားသည့်အချိန် လေ့ကျင့်ခန်းလုပ်မည်ဖြစ်ပါက Zoom App မလိုအပ်ပါ။

ယခုသင်တန်းအပ်ပါက အောက်ပါတန်ဖိုးရှိလက်ဆောင်များကိုပါ ရရှိမည်ဖြစ်သည်။

အပြတ်ပြောင်း သံမဏိစိတ်ဓာတ်

(မူရင်းတန်ဖိုးမှာ 150,000 ကျပ်ဖြစ်သည်)

-----------------------

မိမိစိတ်ကြောင့် မိမိဆုံးရှုံးခဲ့တဲ့အရာတွေ ဘယ်လောက်ရှိပြီလဲကို တွေးကြည့်ဖူးပါသလား ?
မိမိ၏ ပျင်းရိစိတ်၊ အဆုံးထိဖြစ်အောင်မလုပ်သည့်စိတ်၊ အချိန်ဆွဲသည့်စိတ် ၊ မယုံကြည်စိတ် ၊ စိတ်မရှည်သောစိတ် ၊ မတည်ငြိမ်သောစိတ် နှင့် ပူပန်လွန်းတတ်သည့်စိတ်တွေကြောင့် မိမိဖြစ်သင့်သလောက် မဖြစ်ခဲ့သည်မှာ ဘယ်လောက်ရှိခဲ့ပါပြီလဲ? စိတ်မကောင်းစရာအချက်မှာ ဝိတ်ကျကျန်းမာဖို့ဆိုတာ ထိုစိတ်တွေကို မအောင်နိုင်ပဲ ဖြစ်မလာနိုင်ခြင်းပါ။ မပြည့်စုံခြင်းပါ။ " စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာကြပါစေ" ဟု ဆုပေးတတ်ကြသည့်အတိုင်း စိတ်နဲ့ ကိုယ်မှာ ဆက်စပ်နေသည့်အတွက် မိမိမှာ သံမဏိစိတ်ဓာတ်မရှိပါက ပြောင်းလဲလာဖို့ခက်သည့်အတွက်  ဖုန်း/ကွန်ပျူတာ ဖြင့် ကြည့်ရှု့နိုင်သည့် ယခုဗီဒီယိုသင်ခန်းစာများက မိမိအတွက် တိုက်ရိုက်အကျိုးဖြစ်စေမည်ဖြစ်သည်။ သံမဏိစိတ်ဓာတ်ဆိုလို့ ခက်ထန်သည့် မာကျောသည့်စိတ်ဓာတ်မဟုတ်သည့်အကြောင်းကိုလည်း လက်ဆောင်ရမည့် ယခုဗီဒီယိုသင်ခန်းစာများထဲတွင် လေ့လာလိုက်ပါ။

 

EXERCISE COMMITMENT CALENDAR (pdf)

မိမိလေ့ကျင့်ခန်းလုပ်ဖြစ်သည့်ပမာဏကို တိုင်းတာရန် လေ့ကျင့်ခန်း Calendar ဖြစ်သည်။ တစ်လထက် တစ်လ မိမိလိုအပ်ချက်ကို တိုင်းတာနိုင်သည့်အတွက် တိုးတက်မှုကို သိရှိနိုင်စေမည့် Calendar ကို ရရှိမည်ဖြစ်သည်။ 

DIET COMMITMENT CALENDAR (pdf)

မိမိရနေသည့် ရလဒ်ကို ပိုကောင်းအောင်လုပ်ရန် လက်ရှိမိမိလိုက်နာသည့် Diet Commitment အပေါ်မူတည်ပြီး  တိုးတက်မှုကို သိရှိနိုင်စေမည့် Calendar ကို ရရှိမည်ဖြစ်သည်။ 

BODY RECORD PAPER (pdf)

တစ်ပတ်ထက် တစ်ပတ် မိမိတိုးတက်မှုကို ကြည့်ရန် ကိုယ်အတိုင်းတိုင်းထားရမည့်ပုံစံကို ပြပေးသည့်ပုံကို ရရှိမည်ဖြစ်သည်။ 

သင်တန်းအပ်မည်

အခြားသူများအတွက်တော့ ပြောင်းလဲနိုင်မယ်လို့ထင်ပြီး မိမိအတွက်တော့ မပြောင်းလဲနိုင်လောက်ဘူးလို့ တွေးမိနေရင် ဘယ်လိုကြောင့်သာ အာမခံပေးနိုင်သည်ကို သိဖို့ ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါ။

 

(ဗီဒီယိုကြည့်လို့ရအောင် VPN ပိတ်ဖို့ လိုပါမည်)

 ______________________________

သင့်အိမ်တွင် အင်တာနက်ရှိပါက ဖုန်း / ကွန်ပျူတာ ဖွင့်ကာ လိုက်လုပ်ရုံ ဖြစ်လို့
အပြင်ထွက်ဖို့ ပြင်ဆင်ရချိန်တွေ၊ ကားလမ်းပိတ်ချိန်တွေ ၊ အဝတ်အစားလှဲချိန်တွေ ၊မိတ်ကပ်လိမ်းချိန်တွေ အလုပ်မရှုပ်၊ အချိန်မကုန်တော့မည့်အပြင် အခြားသူများနှင့် လေ့ကျင့်ချိန်မှာ အနံ့အသက်မကောင်းလို့ရှောင်ရတာတွေ ၊  မိုးရှောင်ရတာတွေ နှင့် မတွေ့ချင်သူတွေရှိရင် ရှောင်ရတာတွေ မရှိတော့ပဲ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်အိမ်ထဲတွင် သေချာအာရုံစိုက်လေ့ကျင့်ကာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းလေးတစ်ချက်ဖွင့်လိုက်သည်နှင့် ပိန်ဖို့နီးကပ်သွားစေမည်ဖြစ်သည်။

ပြင်းထန်မှုအတိုးအလျော့ကိုပါ ထည့်သွင်းပေးမှာဖြစ်သည့်အတွက် လေ့ကျင့်ခန်းလုပ်လက်စရှိသူများသာမက ယခုမှလေ့ကျင့်ခန်းစလုပ်မဲ့သူများပါ မိမိနိုင်သလောက်မှ စလုပ်နိုင်မှာဖြစ်လို့ အဆင်ပြေစေမှာဖြစ်ပါတယ်။

Note - သင်တန်းကြေးများမှာ အသိမပေးပဲ ပြောင်းလဲသွားနိုင်ပါသည်။ 

 

ယခုအပ်နှံလျှင်

အထက်ပါ 12 WEEKS အထူးတန် Group LIVE သင်တန်းကြေးဖြင့် ရရှိမှာ ဖြစ်သည့်အပြင် 4 Weeks - 120,000 ks ဖြင့် (၃)ခါ ခွဲကာ အပ်နှံနိုင်မှာဖြစ်သည့်အတွက် 


" သင်တန်းကြေးမပြောင်းလဲမှီ "

အမြန်အပ်နှံလိုက်ပါခင်ဗျာ။

 


 

 သင်တန်းအပ်မည်ဖြစ်ပါက

Facebook page - Sai Zaw Tun Aung   Messenger

(or) Telegram - @sayarzclass

(or) Viber - 09 788 494 688 တွင် -

" READY TO CHANGE " ဟု

စာပို့ဆက်သွယ်ပေးပါခင်ဗျာ။

 


 

ပါဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။
မိမိဝိတ်ကလွဲပြီး အခြားဆုံးရှုံးစရာ ဘာမှမရှိပါ။ 

🎥 Live လေ့ကျင့်ခန်းသင်တန်းစနေပါပြီ။

သင်တန်းသားသစ် လက်ခံစာရင်းမပိတ်မှီ / အထူးတန်သင်တန်းကြေးပရိုမိုးရှင်းမပြီးခင် အမြန်အပ်နှံလိုက်ပါ ။

00

DAYS

00

HOURS

00

MINS

00

SECS

အဓိကသင်ကြားပေးမည့် Sayar Z မိတ်ဆက်

 

တွဲဖက်သင်ကြားပေးမည့် Sayama Julie မိတ်ဆက်

 

တက်တက်ကြွကြွ လေ့ကျင့်နေကြတဲ့ သင်တန်းသားများ

 

ဗိုက်ပြုတ်.ဝိတ်ကျသွားကြသည့် သင်တန်းသားများ

သင်တန်းကို ယခုမတက်ဖြစ်ပါက ဘာတွေဖြစ်လာနိုင်လဲ ?

 

 
 
Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.