သင်တန်းသူ/သင်တန်းသားများအားလုံး  ရရှိခဲ့ကြသည့် အောင်မြင်မှုတိုင်းအတွက် ပြောင်းလဲမှုတိုင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ..😀
ယခုထက် ပိုမိုသော ကျန်းမာကြံ့ခိုင်လှပခြင်းများကို ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်းကိုလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ..
" Program ကောင်းတယ်။ ကျွန်တော်က တရက်နောက်ကျပြီးမှ လုပ်ဖြစ်တယ် .. အလုပ်ကိစ္စပေါ်လာလို့ .. သင်တန်းတက်နေတုန်း ၆ရက် နဲ့ (၇) ပေါင်လောက်ကျတယ်.. မထင်ရက်စရာပဲ မြန်တယ်.. အဓိကက အစားအသောက်အပြောင်းအလဲကြောင့် ဖြစ်မယ်ထင်တယ် ... နည်းစနစ်သစ် တခု ရသွားတယ် ။ အခု စုစုပေါင်း ပေါင်(၂၀)လောက်ကျပြီးသွားပါပြီ။ ကျေးဇူးပါ ဆရာ... အရာအားလုံးအတွက်... "
" ဆရာ စိုင်းဇော်ထွန်းအောင်၏ ZTA Fat Burn Class - page မှာ ကိုဗစ်ကာလ အထူးအစီအစဉ်ဖြစ်သည့် 4-min Burn Online Class (7-Day Special Program) ကို တွေ့တွေ့ခြင်း စိတ်ဝင်စားပြီး Challenge ဝင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက အသက် ၅၅ နှစ်ဆိုတော့.. ဖြစ်ပါ့မလား ဆိုပြီး ဖြစ်ခဲ့မိပါသေးတယ်။ လေ့ကျင့်ခန်း နဲ့ အစားအသောက်ကို အရင်ကတည်းက ကြိုးစားရသမျှလုပ်နေတဲ့အတွက်ကြောင့်လည်း " ငါ လုပ်နိုင်မှာပါ " ဆိုပြီး စာရင်းသွင်းပါဝင်ဖြစ်ခဲ့ပါတယ်။ ဒီနေရာကနေစပြီး ဆရာ့ကို ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ....

စစခြင်းမှာ ဆရာ့ page မှာ Like and share လုပ်ပြီး ရေးခိုင်းခဲ့တဲ့စာသားလေးကတော့ heart အထိဆုံးပါ ဆရာ..
" ကိုဗစ်ကာလအစပြု
ကျန်းမာလှပ ပြောင်းလဲမှု
#4min_burn_challenge_by_SayarZ " ဆိုတဲ့စာသားလေးပေါ့..

ဆရာ့ရဲ့ဆောင်ပုဒ်အတိုင်း ရလဒ်ကောင်းလေးရလာတော့လဲ ပျော်မိတာအတိုင်းထက် အလွန်ပေ့ါ။

၇ရက်အတွင်း Before & After ရလဒ်လေးကတော့...
(25.10.2020) မှ (31.10.2020)
Name - Yee Yee Lwin
Age - 55 Years
Height - 5ft
Weight - 126 lbs to 120 lbs
Arms - 12" to 11"
Chest - 34" to 32.5"
Waist - 31" to 28"
Abdominal - 37" to 34"
Thigh - 22.5" to 21.5" ဖြစ်ပါတယ်။

4-min Burn Online Class လေးရဲ့ ရလဒ်ကတော့ အရမ်းကို အားရကျေနပ်ခဲ့ပါတယ်။ ဆရာ့ရဲ့ program မစခင် မေးခွန်း (၁၇)ခု ရဲ့ အဖြေကလဲ  risk ကနေ negative တွေအကုန်ဖြစ်ပါတယ်။ အရင်ကတည်းကလည်း ကျန်းမာရေးလိုက်စားခဲ့တော့ ပိုထိရောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ နောင်လည်း negative တွေဖြစ်နေအောင်ကြိုးစားပြီး ဆရာ့ challenge သင်တန်း၏ အတွေ့အကြုံ၊ လေ့ကျင့်ခန်း၊အစားအသောက်တွေနဲ့ ဆက်လက်လေ့ကျင့်စားသောက်ပြီး နေထိုင်သွားပါမယ်။

ဆရာ့ရဲ့4-min Burn Online Class လေးက အချိန်တိုအတွင်း ဝိတ်အမြန်ကျချင်တဲ့သူတွေအတွက် အရမ်းသင့်တော်သော သင်တန်းလေးဖြစ်ကြောင်း recommend ပေးချင်ပါတယ်။ အဆီကျဆေး၊ အဆီကျကော်ဖီသောက်ပြီး ဝိတ်ချတဲ့သူတွေကို ဆရာ့ online class လေးကို တက်ကြည့်စေချင်မိပါတယ်။ အချိန်နည်းပေမဲ့ အရမ်းထိရောက်တယ်ဆိုတာ လက်တွေ့ခံစားသိခဲ့ရလို့ပါ။ ဆရာ့ရဲ့ လေ့ကျင့်ခန်း နဲ့ အစားအသောက် နည်းလမ်းတွေက ကျွန်မအတွက် အရမ်းကိုထူးခြားပြီး လုပ်ဆောင်ရတာလည်း အကုန် အဆင်ပြေခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ကြိုက်သူမို့လည်း အဆင်ပိုပြေခဲ့ပါတယ်။ (၅)ရက်တာလုပ်ခဲ့ရတဲ့ အစားအသောက်ပုံစံများ ၊ ၆ရက်မြောက်မှ juicing recipes များ ၊ ၇ရက်မြောက် last day meal plan တွေ နဲ့ အလှည့်ကျလုပ်သွားရတဲ့ ၄မိနစ်စာ လေ့ကျင့်ခန်းလေးတွေကလည်း အရမ်းမပင်ပန်းပဲ လုပ်နိုင်ခဲ့ပါတယ်။ အသီးအရွက်နဲ့ ကြက်ဥတွေနဲ့ စားရတဲ့အခါဆိုလည်း ဗိုက်ကိုြ ပည့်နေစေပြန်တယ်။ ဆရာရဲ့ Greens ဖျော်ရည်တွေကလည်း အပူအပုပ်ကင်းစေပြီး ရင်ကိုရှင်းသွားစေပါတယ်။ ကြက်ရင်အုပ်ကင် ၊ မုန်ညင်းဖြူ နဲ့ ပန်းသီး salad ကတော့ အကြိုက်ဆုံး အစားအစာဖြစ်သွားပါတယ် ဆရာ။ အမြတ်တစ်ခုရလိုက်တာ ဆရာ့ရဲ့ လေ့ကျင့်ခန်း (၁၂)ခုလုံးကိုလုပ်ရတာ အရမ်းကြိုက်ပါတယ်။ ဆရာ့ရဲ့ Challenge ပြီးသွားပေမဲ့ နောင်လည်း ဆက်လုပ်ချင်ပါတယ်။ Group လေးကိုလည်း မဖျက်လိုက်ပါနဲ့နော်။ ကျွန်မအတွက် အရမ်းတန်ဖိုးရှိလို့ပါ။ ဆရာရဲ့ လေ့ကျင့်ခန်း နဲ့ အစားအသောက်ပုံစံတွေက လိုက်ဖက်ပြီး အသည်းနဲ့ကိုယ်တွင်း အဆိပ်အတောက်များကို ကင်းစေခဲ့တာအမှန်ပါ။ ဝမ်းပုပ် ချွေးပုပ်များလည်း ထွက်ပါတယ်။
ဆရာ့ရဲ့ ကင်ချီလုပ်နည်းလေးနဲ့ အမြဲစားဖြစ်တော့မှာ မြင်ယောင်ပါတယ်။

ဆရာ့ရဲ့ ရက်တိုသင်တန်းလေးကို အောင်မြင်ပြီးဆုံးစွာ လုပ်ဆောင်နိုင်ခဲ့တဲ့ ပီတိကတော့ ဘာနဲ့မှ မလဲနိုင်ပါ။ ဒါကြောင့် ဆရာ့ရဲ့ 4-min Burn Online Class လေးဟာ အခုလို ကိုဗစ်ရောဂါကြီး ဖြစ်ပွားချိန်မှာ မိမိအတွက် အချိန်ပိုပေးနိုင်ချိန် ပိုလို့တောင် တက်သင့်တဲ့ သင်တန်းလေးဖြစ်ပါကြောင်း recommend ပေးပါတယ် ဆရာ. "
" ကိုယ်တိုင်တောင်မယုံလို့ ပေါင်ချိန်စက်ပေါ် (၃)ခါတက်ပြီး သူများကြည့်ခိုင်းရတယ်
မနက်ပိုင်းရေနွေး ၁ ခွက်သောက်ပြီးမှချိန်လိုက်တာ...
ဝမ်းသာလွန်းလို့ လူတောင်မြောက်နေတယ် .. ဆရာ့ကိုကျေးဇူးအများကြီးတင်ပါတယ်
ရက်တိုသင်တန်းအောင်မြင်စွာနဲ့ဖြတ်သန်းနိုင်ခဲ့ပါပြီ။
ဆရာညွှန်ပြတဲ့အတိုင်းအတိအကျလိုက်နာခဲ့လို့မထင်မှတ်ပဲ 17 lbsတောင်ကျသွားတယ်။
သင်တန်းလေးနဲ့ဆရာကိုအမြဲသတိရနေမှာပါ ... "
" Sayar Z နဲ့ ZTA Teams ကို အထူးကျေးဇူးတင်ပါရစေ။ အစ်မက သမီးလေးမွေးပြီးကတည်းက အရမ်းဝနေလို့ ဝိတ်ချနေတာ ၅ နှစ်ကျော်ပါပြီ။ ဝိတ်ကျဖို့ ယောဂ၊ Zumba အခြား Fitness ပေါင်းစုံ join ခဲ့ပေမဲ့ သိသိသာသာ မကျခဲ့ပါဘူး။ Sayar ရဲ့ အခု 4 min burn 7 days Programမှာတော့ (5) ပေါင်ကျတဲ့အပြင်အရင်ကအရေပြားဆရာဝန်နဲ့ပြပေမဲ့ မသက်သာတဲ့ လက်မောင်းမှကြာဆူးများ၊ မျက်နှာမှ ဝက်ခြံ နဲ့ တင်းတိပ် မည်းညစ်ညစ်များ သိသိသာသာပါးပြီးအသားအရည် ကြည်လင်လာတာမို့ ဝိတ်ကျတဲ့အပြင် အဆိပ်အတောက်များပါ လျော့ပါးလာပါတယ်။ အစ်မက ဒီ 4 min burn 7 days program မလုပ်ခင်မှာ Sayar Z ရဲ့ 4 weeks program ကစားပြီးစမို့ 7 days program မှာ အခက်အခဲသိပ်မရှိခဲ့ပါဘူး Sayar Z ရဲ့ Exercise video files တိုင်းဟာ Very Active and Motivate ဖြစ်စေပါတယ် …. "
" ပထမဦးစွာ ပေါင်ချိန် (5) lb ကျသွားကြောင်းဝမ်းသာစွာဖြင့်ပြောပါရစေ...
ကျေးဇူးအများကြီးတင်ပါတယ် ဆရာ 💗💗💗
4min burn classကို တက်ရောက်ခြင်းမှ
နေ့စဉ်ဆားစားသုံးမိသောပမာဏ ကို အများဆုံးလျှော့ချနိုင်ခဲ့ပါတယ်..
ဆရာပြောသလိုအချိုမှုန့်လုံးဝမသုံး ဆားတမျိုးတည်းကိုသာ အသုံးပြုခဲ့ပါသည် ။ အချိုမုန့်သုံးမှအရသာရှိလှတယ်- ဟူသောအစွဲကိုလည်း ဖြေဖျောက်နိုင်ခဲ့သည်။
အစားအစာကိုမြင်နေရရင်တတွတ်တွတ်စားတက်သောအကျင့်ကိုလည်းဖျောက်ပစ်နိုင်ကာ
ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းလည်းရရှိခဲ့ပါတယ်ရှင့်...
နေ့စဉ် ၄မိနစ်စာ လေ့ကျင့်ခန်းလုပ်တိုင်းလည်းပျော်ရွှင်စွာ လုပ်ဆောင်ခဲ့ပြီးစိတ်ဓာတ်တက်ကြွလာကာ stress များစွာကိုလည်း ဖြေဖျောက်နိုင်ခဲ့ပါတယ်
မိမိကိုယ်ကိုလုံးဝမကျ နိုင်ဘူးဟု ထင်ထားသော်လည်း တစ်ပတ်အတွင်းမှာ 5lbကျသွားသည့်အတွက်လည်း ရှေ့ဆက်ပြီးဝိတ်ချမည့်အစီအစဉ်အတွက်လွန်စွာ အားတက်မိပါတယ်...
Fasting ပြုလုပ်သော်လည်း ဆရာရဲ့diet planကြောင့် အားအင်ချိနဲ့ခြင်းမရှိဘဲ ကျန်းကျန်းမာမာတက်တက်ကြွကြွလုပ်နိုင်ခဲ့ပါတယ်...
မိဘနှစ်ပါးစလုံးမှာ ဆီးချိုသွေးတိုးရှိသဖြင့် ဆီးချိုဖြစ်မှာအလွန်ကြောက်မိပါတယ် ... ဆီးချိုစစ်ကြည့်သောအခါ 7.3ဖြစ်နေသောကြောင့် စိတ်ညစ်ခဲ့ရပါတယ် .... ဒါပေမဲ့သင်တန်းတက်ပြီးသည့်နောက်မှာသွေးချိုပမာဏစစ်ကြည့်သောအခါပမာဏလည်းလျော့ကြခဲ့သလို ဆီးချိုလက္ခဏာအစဖြစ်သော ခြေလက်ထုံကြင်မှုလည်းမခံစားရတော့ပါ ... မကြာခန ဆရာရဲ့videoလေးတွေကိုလည်းဆက်လက်ပြီး လေ့ကျင့်အသုံးပြုသွားပါမယ်ဆရာ။
နေ့စဉ်ကိုယ်လက်လှုပ်ရှားကာ ဆီးချိုရောဂါကိုလည်းကာကွယ်သွားပါမယ်။
ဆရာလည်းဒီထက်မကအောင်မြင်ပါစေရှင့်...
ကျေးဇူးတင်ပါတယ်ဆရာ 💜💜💜💜 "
"ဆရာရေ ပေါင်ချိန် (၉) ပေါင်ကျသွားတယ်ဆရာ... ပေါင်ချိန်ကျသွားတာလေး ဆရာ့ကိုပြောချင်နေတာပါ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ နောက်ဆို 4weeks program နဲ့အဲ့ဒီ (၅)ရက် diet နဲ့တွဲပြီး ဆက်ကစားသွားပါမယ် ဆရာ Thanks ဆရာ ...😊…."
"အဓိက မျှဝေချင်တာကတော့ ZTA 4-min fat burning 7days ဝင်ဖြစ်ခဲ့၊ Joinဖြစ်ခဲ့မိလို့ ကိုယ့်ကိုကိုယ် ကျေနပ်ဝမ်းသာမိတယ်။ ရက်တိုသင်တန်းအတွင်းကနေရလိုက်တဲ့ ကျန်းမာရေး ဗဟုသုတ နဲ့ ဝိတ်ချရုံ ခဏတာမဟုတ်ဘဲ ရေရှည် စားသောက်နေထိုင်ရေးပုံစံတွေ နဲ့ အအိပ် အစား နဲ့ လေ့ကျင့်ခန်း Balance ညီဖို့ ၊ ညီမှလည်း ဝိတ်ကျနိုင်မယ် ဆိုတာ အချိန်တိုအတွင်းထိရောက်စွာ သိရှိပြီး ရေရှည်တိုင်အောင် ဆက်လုပ်ဆောင်သင့်ပါတယ် ။ ကျမကိုယ်တိုင်လည်း 7day အပြီး ရလိုက်တဲ့ Feeling ကတော့ ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီး ပြုံးမိတာပါဘဲ😊 စိတ်လက်ပေါ့ပါးပြီး လူလည်းနေရထိုင်ရတာပေါ့ပါးတယ် ။ အသားရေလည်းပိုကြည်သွားတယ် ။ ခန္ဓာကိုယ်အတွင်း တစ်သက်တာလုံးစားသောက်ခဲ့သမျှ အဆိပ်အတောက်တွေဖယ်ရှားလိုက်သလိုခံစားလိုက်ရပါတယ်။ ဝိတ်ကတော့ (၅) ပေါင်လောက်သာ ကျပေမဲ့ ကိုယ့်ကိုကိုယ် ဒီရက်တိုသင်တန်းတက်ပြီး စိတ်ကျေနပ်မှု့ပေါ့ပါးပျော်ရွှင်မှု့ နဲ့ဆက်လက်ရှေ့သို့ချီတက်ဖို့ ခွန်အားတစ်ရပ်ရခဲ့လို့ ZTA နဲ့ နည်းပြဆရာ SAYAR-Zကို ကျေးဇူးအထူးတင်ပါတယ်။ 4-Min မှသည် 4 week 8 week ....တိုင်အောင်ဆက်လက်ကြိုးစားသွားဖို့ စိတ်ဓာတ်ခွန်အားအပြည့်ဖြစ်မိပါသည် ။ ...😊…."
" အမှတ်တရ အနေနဲ့ပြောရရင် ………
လူတယောက်မှာ ဘယ်အရာဘဲလုပ်လုပ် ပထမဆုံး စိတ်အားထက်သန်မှု (Passion) ရှိဖို့အင်မတန် အရေးကြီး ပါတယ်။ ဥပမာ ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ပြောရရင် ဝိတ်ကျချင်တယ် ။ ဒါပေမဲ့ အဲ့လောက် စိတ်အားမထက်သန်ခဲ့ ဘူး။ အခု Covid ကာလရောက်တော့ ဝိတ်ကလည်း အရမ်းကျချင်လာတယ်။ အဓိကက ‘Clarity is Power’ ဆိုသလိုဘဲ ငါဝိတ်တကယ်ချချင်တယ်ဆိုတာ ပြတ်သားပြီဆိုတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ZTA - Fat Burn Class Page ကနေ Sayar Z ရဲ့4 min Burn Program ကို Facebook ကနေသိပြီး ဝင် Join ဖို့ဆုံးဖြတ် လိုက် ပါတယ်။ ပထမဆုံးအကြိမ် Sayar Z ရဲ့Training အောက်က Program ကို တက်ဖူးတာပါ။ Program စ Join တာနဲ့ယုံကြည်မှုတစ်ခုထားပြီး ငါလိုက်လုပ်နိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ Sayar Z ညွှန်ကြားတဲ့ လုပ်ရမယ့် လေ့ကျင့်ခန်း၊ စားသောက်မှုပုံစံ၊ နေထိုင်မှု စတိုင် အကုန်လုံးကို တသွေမတိမ်း လိုက်လုပ်ခဲ့ပါတယ်။ ၁ ပတ်ပါဘဲ။ ဒါပင်မဲ့ (၁) ပတ်ပြည့် ပေါင်ချိန်စက်ပေါ်ပြန်တက်တဲ့အချိန်မှာ ရလိုက်တဲ့ ရလဒ်က (၁၀) ပေါင်နီးပါး ဝိတ်ကျသွားတာ ပါဘဲ။ စစချင်း Join တုန်းက ၁၅၆ ပေါင်ပါ။ အခု ၁ ပတ်တိတိမှာ ၁၄၆ နီးပါး ဖြစ်သွားပါတယ်။ ခါး/လက်မောင်း နဲ့ပေါင်ဆိုရင် ၁လက်မကျော်ကျော်လောက် သိသိသာသာကို ကျဆင်းသွားတာပါ။ Online ကနေ ပို့ချနေတာ ဖြစ်ပင်မဲ့လို့ ဒီ 4-minutes Burn (7 days ) Program က တကယ်ကို ထိထိရောက်ရောက်နဲ့ အချိန်တိုလေး အတွင်းမှာ ကျန်းမာရေးအပြင် နေထိုင်မှု စနစ်ကိုပါ လမ်းညွှန်ပေးတဲ့ Program တစ်ခုပါ။ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လို အစားအသောက်စားပြီး ဘယ်လို လေ့ကျင့်ခန်းမျိုး (4 min ဘဲကြာတာနော် လေ့ကျင့်ခန်းက) လုပ်ရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေက ဖိအားတစ်ခုလို မဟုတ်ဘဲ ပုံမှန်လေး လုပ်သွားနိုင်တာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဆရာပြောသလို ‘Listen to your body’ ကို မှတ်သားပြီး ကိုယ့် ခန္တာကိုယ်က လက်ခံနိုင်လောက်တဲ့ လိုက်လုပ်ဖို့သင့်တော်တဲ့ Weight Loss Program တစ်ခု လို့မြင်မိပါတယ်။ Page မှာ Admin တွေ reply ပြန်ပေးတဲ့ Motivation စကားတွေကလည်း နောက်တစ်ရက်ကို ချီတက်ဖို့ အင်အားတစ်ခု ဖြစ်စေခဲ့ပါတယ်။ (အမှန်အတိုင်းပြောတာပါ)။ Program ပြီးဆုံးသွားတဲ့ အချိန်မှာ သိလိုက်ရတာက ကိုယ့်မျက်နှာက ဝက်ခြံတွေ သိသိသာသာ ပါးလာပြီး အာရုံစိုက်မှုတွေလည်း တိုးတက်လာ ပါတယ်။ အစားအသောက်ပိုင်းဆိုင်ရာကတော့ ကိုယ့်စိတ်နဲ့ဆိုင်မယ်လို့ထင်ပါတယ်။ ကိုယ်က ထိန်းချုပ်မှုနဲ့ မဟုတ်ဘဲ အလွန်အကျွံမစားမိဖို့ပေါ့။ ကိုယ့်ရဲ့ဒေါသထွက်လွယ်တဲ့စိတ်ကို အသက်မှန်မှန်ရှူခိုင်းတဲ့ လမ်းစဉ်က တော်တော်လေး ပြုပြင်ပေးလိုက်တယ်လို့မြင်မိပါတယ်။ Program ကို တကယ်တက်ရောက်ခဲ့တဲ့ သင်တန်းသူ တစ်ယောက်အနေနဲ့ဒီ Sayar Z ရဲ့ 4 min Burn Class က ကျန်းမာရေးကောင်းဖို့ပေါ့ပေ့ါပါးပါး 4 min လောက်ဘဲကြာတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ရပြီး နေထိုင်မှုစနစ် အပြင် အာဟာရပြည့်ဝတဲ့ စားသောက်မှု ပုံစံကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေ မွေးမြူပေးနေတယ်ဆိုတာကို ပြန်လည် မျှဝေပေးလိုက်ပါတယ်ရှင်… ကိုယ်ရဲ့Weight Loss က Target ကမရောက်သေးတော့ Sayar Z ဖွင့်တဲ့ Program ထဲက နောက်တစ်ခုကို ဆက် Join ပါအုန်းမယ်…. ၁ပတ်အတွင်းမှာ ရလဒ်တစ်ခုကို ထင်ထင်ရှားရှာ မြင်ခွင့် ရလိုက်တဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရခဲ့ပါဘူး……. ကျေးဇူးတင်ပါတယ် Sayar Z နဲ့Page က Admin များအားလုံးရှင့်………."
"မသိသေးတာတွေသိခဲ့ရတယ် ။ မစားဘူးတဲ့အစားအစာတွေလုပ်စားဖြစ်ခဲ့တယ်။ ကိုယ့်ခန္ဓာကိုယ်အကြောင်း ကို နားထောင်ဖြစ်တယ် ။ အလုပ်တစ်ဖက်နဲ့ဆိုတော့ သေချာလိုက်မလုပ်ဖြစ်ခဲ့တာတောင် (၄) ပေါင်ကျတယ်ဆရာ😀😀😀... "
" နောင်လုပ်မယ့်သူတွေကို အဓိကမျှဝေချင်တာကတော့ လူတိုင်းမှာ ကိုယ်လုပ်နိုင်တယ်လို့ထင်ထားတာထက် ပိုလုပ်နိုင်စွမ်းရှိတယ်ဆိုတာပါပဲ .. အဓိကကတော့ ဆရာပြောသလိုပဲ ဘယ်သူနဲ့မှတိုက်ရတာမဟုတ်ပဲ ကိုယ့်ကိုကိုယ်တိုက်ရတဲ့ပွဲပါ ကျမအတွက်ရတဲ့ result ကတော့ ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းပါပဲ။ နေ့စဉ်ဖြတ်သန်းနေကျဘောင်ထဲက ထွက်ပြီး ပါတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ ကိုယ်လုပ်စရာရှိတာကို အချိန်နဲ့လုပ်ပြီး ၊ မလုပ်ရမှာတွေကို ထိန်းချုပ်ရတာပါပဲ ။ ကျမ ဆုံးဖြတ်လိုက်တာက ကိုယ့် body ကိုတောင် ကိုယ်လိုချင်တဲ့ပုံစံမထွင်းထုနိုင်ရင် တခြားဘာတွေကိုများ စွမ်းဆောင်ဖို့ဖြစ်နိုင်မှာလဲပေါ့ .. ဆရာ့ရဲ့ video တွေကလဲ motivation အများကြီးရပါတယ်။ အချိန်၊ လေ့ကျင့်ခန်း၊ အစားအသောက်တွေက အတိအကျ ပေးထားတာဖြစ်လို့ ကိုယ့်ဘက်ကလိုနေတာ စိတ် တခုပါပဲ။ ဒါက ၇ ရက်ပါ။ Fitness journey က long life သွားရမှာဖြစ်လို့ စနစ်ကျတဲ့ ဆရာ့ရဲ့ နောက်အတန်းတွေများစွာ join သွားမှာပါ။ ရှေ့မှာပြောခဲ့သလိုပါပဲ အဓိက result က ကိုယ့်ကိုကိုယ်အောင်နိုင်ခြင်းပါ။ ကျမ အရပ် ၅’၆” ကို ၁၃၄.၄ ပေါင်ကနေ ၁၃၁.၄ပေါင်ဆိုတော့ ၁ပတ်အတွင်း (၃) ပေါင်ကျပါတယ်။ ဗိုက် လည်း ၁လက်မ ကျပြီး လူကတော့ အတော် စစ်သွားပြီး နေထိုင်လို့ကောင်းသွားပါတယ် ။ အားလုံးဒီလိုကာလမှာ ရက်တိုတိုနဲ့ထိရောက်တဲ့အတန်းမို့ join စေချင်ပါတယ် ။ စေတနာအပြည့်ထားတဲ့ ဆရာ နဲ့ ဆရာ့ team ကို ကျေးဇူးအထူးတင်ပါတယ်ရှင့် "
" အခုသင်တန်းကာလလေးပြီးသွားပါပြီ။ အချိန်ကာလအားဖြင့် တိုတောင်းပေမယ့် ရရှိလိုက်တဲ့ အတွေ့အကြုံလေးကတော့ အများကြီးပါ။ ဆရာ့ကို ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်မက အစားအရမ်းကြိုက်သူပါ😁။ ကြိုက်လိုက်သမျှ အစားအသောက်တွေကလဲ ဆီကြော်(အာလူးကြော်)နဲ့ အချိုရည်တွေချည်းပါပဲ။ ထမင်းဆိုလဲ ကိုယ်ကြိုက်တဲ့ဟင်းဆို ၂ပန်းကန်လောက်စားခဲ့သူပါ။ အိပ်ချိန်ကလဲမမှန်ခဲ့သူပါ။ ဒါကြောင့်လဲ အရင် ၁၂၅ပေါင်ကနေ ၁၅၅ပေါင်ထိဖြစ်ခဲ့သူပါ။ မိသားစုခရီးထွက်ချိန်ဆို ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်သူပေါ့။ အဲ့တော့ ရေတိုနည်းလေး(အဆီကျဆေးသောက်)လုပ်ပြီး ပိန်လာတော့ ကိုယ့်ဘာသာ ဟုတ်လှပြီပေါ့။ ပါးချောင်နားချောင်ကျပြီး လူကမောမောနဲ့ ဖြစ်ခဲ့တယ်။ ဒါပေမယ့် နည်းနည်းပိန်သွားတော့ အဟုတ်မှတ်နေတာပေါ့။ ခရီးက ပြန်ရောက်တော့ အဆီကျဆေးအားကိုးနဲ့ ငါ ဝလာလဲ ပြန်ပိန်အောင် ဆေးသောက်လို့ရတာပဲဆိုပြီး စားတာ ပေါင်ချိန်က ခဏလေးနဲ့ ပြန်တက်ခဲ့တယ် ။ ကိုယ့်ကို ဘေးလူတွေက ဝလာလိုက်တာအရမ်းပဲလို့ ခဏခဏပြောတော့မှ သတိဝင်လာတယ်။ တချို့က သတိပေးသလိုနဲ့ လှောင်ကျပါတယ်။ ကိုယ့်ကို ရှေ့ထားပြီးလှောင်ပြောင်ပြောလာတော့ ရှက်လာပါတယ်။ အဲ့ဒါနဲ့ ပြန်ပိန်အောင်လို့ အဆီကျဆေးပြန်သောက်ကြည့်တော့ ထင်သလို မကျတော့ပါဘူး။ ဆေးဒဏ်ကြောင့်သာ လူက မောလာတယ်။ ပင်ပန်းလာတယ်။ အဆီကျဆေးကြောင့် သေတာတွေ ဖတ်ရတော့ ငါများအဲ့လို သေသွားရင်ဆိုပြီးကြောက်မိပါတယ်။ အဲ့ဒီတော့ လိုင်းပေါ် မွှေနှောက်ရှာ၊ ရသမျှ လေ့ကျင့်ခန်းလေးတွေ လိုက်လုပ်ကြည့်လိုက်၊ ပင်ပန်းတယ်ဆိုပြီး လက်လျှော့လိုက်နဲ့ပေါ့။ တနေ့တော့ 4min burnဆိုတဲ့ ဆရာ ကြော်ငြာလေးတွေ့တော့ စိတ်ဝင်စားသွားတယ်။ အရင်ကတည်းက ဆရာ့ သင်တန်းလေးတွေကို တွေ့ပေမယ့် အဝေးမှာမို့ တက်ချင်ပေမယ့် လက်လျှော့နေခဲ့သူပါ။ အခုက Onlineကနေ သင်ပေးမှာမို့ တက်ဖြစ်ခဲ့ပါတယ်။ မတက်ခင် ငါလုပ်နိုင်ပါ့မလား..? ကိုယ်တိုင်က ကောက်ရိုးမီးဖြစ်ခဲ့သူဆိုတော့ တက်သင့် မတက်သင့် စဉ်းစားခဲ့မိပါတယ်။ ဒါပေမယ့် ၄-မိနစ် ဆိုတာလေးက ဆွဲဆောင်သွားပါတယ်။ သင်တန်းမစခင် ဆရာက videoလေးနဲ့ ဆောင်ရန် ရှောင်ရန်တွေပြောပြတော့မှ ကိုယ့်အသည်း ဘယ်လောက်ဒုက္ခရောက်နေရတာ ၊ ခန္ဓာကိုယ်က ဘယ်လောက်အဆိပ်သင့်နေပြီလဲ သိခဲ့ရပါတယ်။ သင်တန်းစတော့ ဆရာ့လေ့ကျင့်ခန်း videoလေး လိုက်လုပ်တာ ချွေးကို ပြိုက်ပြိုက်ကျပါရောလား။ အိမ်က လူတိုင်းကို ၄-မိနစ်ထဲနဲ့ ဒီလောက်ချွေးထွက်တာတွေ့လား နဲ့ လိုက်ပြရုံနဲ့ အားမရသေးဘူး ဓာတ်ပုံရိုက်ပြီး ကိုယ့်သူငယ်ချင်းတွေပါကြွားသေးတာ😁။ တနေကုန် ချွေးတွေထွက် လူက ပေါ့ပါးလာတာ သိသာပါတယ်။ ဒီလိုနဲ့ ဖြစ်နိုင်ပါ့မလားဆိုပြီး စတင်ခဲ့တဲ့ခရီးဟာ တစ်ရက်ပြီး တစ်ရက်ကျော်ဖြတ်ပြီး အခုဆို ၇-ရက်ကို အောင်မြင်သွားပါပြီ။ အိမ်က ကိုယ်ကြိုက်တာတွေ ချက်ပေမယ့် လုံးဝမတို့ဖြစ်ခဲ့ပါဘူး။ ငါစားမိရင် ငါလုပ်ခဲ့တာတွေ အလကားဖြစ်သွားလိမ့်မယ်ဆိုတဲ့စိတ်နဲ့ပါ။ လေ့ကျင့်ခန်းလုပ်လို့ မောလာရင် သူများတွေ လုပ်နိုင်ကြတာတွေကို ပြန်တွေးရင်း ငါလဲလုပ်မှ ငါနောက်ကျကျန်ခဲ့လို့ မဖြစ်ဘူးဆိုပြီး အားပြန်တင်းလုပ်ခဲ့ရသူပါ။ ဒီအတွက်လဲ အတူကြိုးစားသူတွေကို ကျေးဇူးတင်ပါတယ်😍🤗။ အရွက်ကြိုက်ရည်သောက်ရမယ်ဆိုတော့ စိတ်ညစ်မိခဲ့တယ်။ အရွက်မကြိုက်သူမို့ပါ။ ပထမဆုံး ပန်းသီးတန်ခိုးလေးကို စသောက်ရမယ့်အချိန်ရောက်တော့ မျက်နှာက ရှုံမဲ့နေခဲ့သူပါ။ ဒါပေမဲ့.. ပါးစပ်ထဲရောက်တော့ မိုက်တယ်ဟ... မိုက်တယ်ဟ... နဲ့ အော်မိတဲ့အထိ အရမ်းကြိုက်သွားခဲ့သူပါ။ နောက်ဆို အချိုရည်တွေအစား ဒါလေးကိုပဲသောက်နေမိတော့မှာ အမှန်ပါရှင့်။ သူငယ်ချင်းတွေကိုလဲ ကိုယ် ချွေးဒီးဒီးကျနေတဲ့ပုံတွေ ပို့လိုက်တော့ သူတို့လဲ လေ့ကျင့်ခန်းတွေ ပြန်လုပ်နေပြီတဲ့လေ။ အတူတကွ ကြိုးစားလာသူများနဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ လေ့ကျင့်ခန်းတွေကို သေချာပြသသင်ပေးပြီး ... ဘာလေးမေးမေး သေချာဖြေပေးတဲ့ဆရာ ကျေးဇူးပါ။ နောက်ထပ် ဆရာ့သင်တန်းလေးတွေကို ထပ်တက်ရင်းနဲ့ ကျန်းမာလှပတဲ့ သူတစ်ယောက်ဖြစ်တဲ့အထိ လုပ်ဆောင်သွားပါ့မယ်လို့ ကတိပေးပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်🙏 "
" ကျွန်တော် က အရင်တုန်းကတော့ အားကစားလုပ်ဖြစ်ပါတယ် ။ အခုနောက်ပိုင်း မကစားတာ 2008 လောက်ကစပြီး မကစားတော့တာပါ ။ အခု 7 days မှာ 4 ပေါင်လောက်ကျပါတယ်။ အစားသောက်ကျတော့ ကျန်းမာရေးအရ နည်းနည်းဘဲလျှော့စားတာပါ။ အစားသောက်ပါလျှော့ရင် 10 ပေါင်လောက်တော့ ကျမယ်ထင်တယ် ။ အစာအိမ်/နှလုံး/ အဆုတ်တို့ကသိပ်မကောင်းဘူး ။ 7 Days ကစားပြီးတာ အဆင်ပြေလာပါတယ်။ အောက်စီဂျင်ဆို အရင်က -90နဲ့94 ကြား အခုဆို 97-99 ကြားပါ ။ အရင်ကထက်လည်းအမောခံနိုင်လာတယ် ။ အခုလည်း Day 2 ကစားပြီးရေးတာပါ ။ 4 Weekလည်း ဆက်ကစားနေတာပါ။ အများကြီးကျေးဇူးတင်ပါတယ်ဆရာ သူငယ်ချင်းတွေကိုလည်း ကစားဖို့ တိုက်တွန်းပေးပါမယ်ဆရာ ... "
"ဆရာရေ... မနေ့ကအိပ်ခါနီးမှဆရာတင်တဲ့ review postကိုဖတ်မိတာနဲ့ ကိုယ့်ကိုကိုလဲသိချင်လို့ ဒီမနက်ပေါင်ချိန်ကြည့်တာ (၉)ပေါင်တောင်ကျနေတယ် 😁😁
အရမ်းဝမ်းသာသလို .. ဆရာ့ကိုကျေးဇူးလည်းတင်ပါတယ် .. နည်းလမ်းတွေမျှဝေလို့ 🥰🥰
၅ရက်နဲ့ (၉)ပေါင်ကျတာဆိုတော့ ပျော်မဆုံးဘူး... "
 
" Fitness journey ကို စတင်လျှောက်လှမ်းတော့မဲ့ အသက် 43နှစ် အရွယ် ကျွန်မလို လူတစ်ယောက်အတွက် 4-min-burn online class က အရမ်းကို အဆင်ပြေခဲ့ပါတယ်။ 7ရက်တာ ကာလအတွင်း Health& fitnessကို မပင်မပန်းဘဲ ကောင်းစွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။မနက်နိုးထသည့် အချိန်မှစ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းပြီး စိတ်ကြည်လင် စေခဲ့ပါတယ်။သင်တန်းပြီးတဲ့အချိန်မှာ ရရှိတဲ့ ကျေနပ်မှုကတော့ အချိန်တိုအတွင်း ကျန်းမာခြင်းအကြောင်းကို သေချာ သိလိုက်ရပြီး ကိုယ်အလေးချိန်(7)ပေါင် လျော့ချနိုင်စေခဲ့တာပါ။ ရက်တို သင်တန်းဖြစ်ပေမဲ့ ကျန်ရှိနေတဲ့ ဘဝအချိန်များမှာ ကျန်းမာစွာ နေတတ် စားတတ်စေရန်အတွက် အစပြုသင်ကြားပေးတဲ့ သင်တန်းလေးဖြစ်လို့ တက်ရောက်ခွင့်ရရှိခဲ့တာ ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ဆက်လက်ကြိုးစားပါ့မယ်ရှင့်။ SayarZ & teams အားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ I Did it. Well Done, Congratulation to all too! "
" 4min burn class ဖွင့်ပေးလို့ ဆရာ့ကိုကျေးဇူးတင်ပါတယ်။ အရမ်းအစားမက်တာနဲ့ Covid နဲ့ဆိုတော့ အားရှိအောင်စားရမယ်ဆိုပြီးစားခဲ့တော့ ဝိတ်ကတက်မှန်းမသိတက်ခဲ့ပါတယ်။
အခုဆရာ့ရဲ့ 4min burnနဲ့ အများကြီးမကျပေမယ့် ၇ရက်တာမှာ (၆) ပေါင်တော့ ကျခဲ့ပါတယ်။
Healthy food တွေနဲ့ 4မိနစ်စာ Training လေ့ကျင့်ခန်းတွေ ပေးပြီး ကျန်းမာရေးအသိပညာတွေပါ သိအောင်ပြော‌ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဆရာ့ရဲ့ 4min burnလေးကို joinကြဖို့ဖိတ်ခေါ်ပါတယ်။ ဝိတ်မကျဘူးဆိုရင်တောင် ကျန်းမာရေးအသိပညာနဲ့ ဆရာ့ရဲ့ motivate ဖြစ်စေတဲ့စကားတွေနဲ့တင် တန်ပါတယ်။😁😁
ဒီနည်းလမ်းလေးအတိုင်းဆက်လုပ်သွားပါဦးမယ်။ ကျေးဇူးပါဆရာ... အဝတ်တွေမတော်တော့လို့ပျောက်ချင်နေတဲ့
confidenceလေး ပြန်ရအောင်လုပ်ပေးလို့ပါ။ "
 

 

" ပထမဦးဆုံး ဆရာ့ကိုအထူးကျေးဇူးတင်ပါတယ်ရှင့်၊၊ ယခု online-4mins burn class ကိုဖွင့်ပေးလို့အရမ်းဝမ်းသာမိပါတယ်၊၊အရင်ကဆေးမျိုးစုံ နည်းလမ်းမျိုးစုံသုံးခဲ့ပေမဲ့ အချိန်ကုန်သာဘဲ အဖတ်တင်ခဲ့ပါတယ်၊၊ဆရာ့videoကြည့်ပီး Motivation ရပီးလုပ်ချင်စိတ်ဖြစ်ခဲ့တာပါ၊၊ ပထမတော့ ငါဖြစ်နိုင်ပါ့မလား၊ လုပ်နိုင်ပါ့မလားဆိုပီး စိတ်ထင့်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာ ဆရာ့ စေတနာ မေတ္တာ ဂရုဏာတွေကြောင့် အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်၊၊ ထင်မှတ်မထားမိအောင် ၁၅၂.၈ပေါင်ကနေ ၁၄၆ပေါင်အထိ ကျသွားလို့ ကိုယ့်ကိုကိုယ် ဝမ်းသာဂုဏ်ယူမိပါတယ်၊၊ တစ်ပတ်အတွင်း (၆) ပေါင်ကျော်ကို ကျန်းမာစွာ ဝိတ်ချနိုင်ခဲ့လို့ ဝမ်းသာတာအရမ်းပြောမပြတတ်အောင်ပါဘဲရှင်၊၊ ဆရာ့ရဲ့videoတွေကြည့်ပီး အဆီကျ ကျန်းမာချင်သူတွေအတွက် အခြေခံ စားသောက်ချိန် + အိပ်ချိန် +လေ့ကျင့်ခန်းလုပ်ချိန်တွေ ဘယ်လိုခွဲချရမယ်ဆိုတာ သိခွင့်ရတာနဲ့တင် ထီပေါက်တာထက်ပိုပျော်မိပါတယ်ရှင့်၊၊ ဆရာက online class ဆိုပေမဲ့ ဘေးနားမှာ အမြဲ trainer တစ်ယောက်ရှိသလိုခံစားရပါတယ်၊၊ဒီတစ်ပတ် online class မှာ ငါလုပ်ကိုလုပ်နိုင်ရမယ်ဆိုပြီး ဖြစ်အောင်ကြိုးစားလိုက်တာ အံ့မခမ်းတဲ့ရလဒ်ကိုရရှိခဲ့ပါတယ်၊၊ ဒီသင်တန်းမှာ စိတ်ဓာတ်ခွန်အားရော၊ ဝိရိယခွန်အားရော၊ ဇွဲခွန်အားတွေရော ရရှိလို့ ဆရာ့ကျေးဇူးကို ဒီတစ်သက်မမေ့ပါဘူး၊၊ နောက်ထပ် 4 weeks သင်တန်းမှလည်း ဆရာ့တပည့်အဖြစ် ထပ်ပီးခံယူပါမယ့်ရှင့်။ "
" သင်တန်းတက်ရတာ အဆင်ပြေပါတယ် ။ လေးလံနေတာတွေပေါ့ပါးသွားတယ် ၊ ချွေးတွေထွက်လာတော့ နေရတာသက်တောင့်သက်တာဖြစ်လာတယ်။ အစားကိုချင့်ချိန်တတ်လာတယ် ။ (ထမင်းကြိုက်သူမို့ထမင်းကိုသိပ်မစားတော့အောင် ဆင်ခြင်တတ်လာတယ်) ညအိပ်ရင် ဖုန်းအစား ဝင်လေထွက်လေ မှတ်တတ်သွားတာအတွက်လည်းကျေးဇူးပါ...
တစ်နေ့တာအတွက်လည်း အလုပ်မပျက်ပဲ လေ့ကျင့်ခန်းလုပ်ရတာအရမ်းအဆင်ပြေလာတယ်..
ဒီ၇ရက်အတွက်ကျေးဇူးပါ ZTA ။ ဗိုက်လည်း ၂လက်မကျသွားပါတယ်ရှင့် ... "
 

 

" ကောင်းသောနံနက်ခင်းလေးပါရှင့်...
သင်တန်း တပတ်အတွင်းမှာ ၃ပေါင်နဲ့၆အောင်စ ကျခဲ့ပါတယ်ရှင်။
သင်တန်းကာလအတွင်း တောင်အတက်အဆင်းသွားလုပ်ဖြစ်ခဲ့တော့ အစားကို အပြည့်အဝလိုက်မလုပ်ဖြစ်လို့ ကျပြီးဝိတ် ၂ပေါင် ပြန်တတ်ခဲ့ပေမဲ့ နောက်ဆုံး(၂)ရက်မှာပြုလုပ်တဲ့နည်းလေးတွေကြောင့် တက်ပြီး ဝိတ်တွေပြန်ကျပြီး နောက်ထပ် (၃) ပေါင်ကျော် ဆက်ကျခဲ့ပါတယ်။ ထိရောက်မှု့ရှိခဲ့သလို... မလုပ်ကြည့်ခင်က ကြောက်နေခဲ့တဲ့အရာကို ပြီးမြောက်အောင်လုပ်နိုင်သွားသည့်အခါ ဖြစ်ရတဲ့ကြည်နူးဝမ်းမြောက်မှု့ကဘာနဲ့မှမတူပါဘူးရှင့်။ ကိုယ့်ကိုကိုယ်ယုံကြည်စိတ်ဝင်လာခဲ့ရတဲ့ရလဒ်ကောင်းလေးပါဆရာ။
ဆရာနဲ့အဖွဲ့သားအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာလို့ ဒီ့ထက်မကပိုမိုအောင်မြင်ကျော်ကြားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်🙏🙏🙏 ... "
 
" Saya Z ရဲ့ online class ကို အရင်က join ဖူးပြီး လုပ်ကတည်းက ဆရာ က အရမ်းကို စေတနာထားပြီးသင်ပေးတာကို သတိထားမိခဲ့တာပါ။ အခု 4 min Burn challenge ကို စပြီး ကြော်ငြာတော့ တက်ဖို့ အရမ်းကို စိတ်ဝင်စားခဲ့ပေမဲ့ ကိုယ်က ဝန်ထမ်းဆိုတော့ အလုပ်တစ်ဖက်နဲ့ တက်လို့ အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေခဲ့တာမို့ Messenger ကနေ မေးတာကို စိတ်ရှည်စွာနဲ့ ပြန်လည်ဖြေကြားပေးခဲ့တဲ့အတွက် သင်တန်းကို တက်ဖြစ်ပြီး ဒီသင်တန်းကို တက်ခဲ့တာ အရမ်းကို မှန်ကန်သွားတယ်လို့ ယူဆတဲ့အတွက် အမှန်တကယ် ဝိတ်ကျချင်တဲ့သူတွေ တက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
7 ရက် အတွင်းမှာ 4 Lbs ကျပြီး ခန္ဓာကိုယ် အချိုးအစား ပြောင်းလဲသွားတဲ့အတွက် သင်ကြားပေးတဲ့ ဆရာ ကို ကျေးဇူးအရမ်းတင်ပါတယ်။... "
" ပထမဦးဆုံးအနေနဲ့ ဆရာ့ကိုကျေးဇူးတင်ပါတယ်
ဆရာ့ရဲ့စကားတွေက motivate အရမ်းဖြစ်စေခဲ့ပြီးတော့ ခရီးအဆုံးထိကို ရောက်အောင်သွားနိုင်ခဲ့တယ်
4-min Burn ဆိုတဲ့အတိုင်း 4-min လေးအချိန်ပေးပြီး ဆရာသင်ပြတဲ့ video ကိုကြည့်ရင်း လိုက်လုပ်ရတော့ နေ့ရက်တိုင်း အရမ်းပျော်ဖို့ကောင်းပါတယ်
သီချင်းလေးတွေလဲထည့်ပေးထားတော့ Active လဲဖြစ်ပြီး ကနေသလိုပါပဲ
Target ကလဲ ၇ရက်ထဲမို့ ငါလုပ်နိုင်တယ်ဆိုပြီး နည်းလမ်းတွေကို စနစ်တကျ လိုက်နာခဲ့တာ ၇ရက်အတွင်းမှာပဲ 5 lbs ကျသွားလို့ အတိုင်းမသိဝမ်းသာရပါတယ် (အိမ်သားတွေကိုလဲ ဘယ်လောက်ပိန်သွားကြောင်းကြွားရင်း ပီတိတွေဖြစ်နေရတာ)
၇ရက်အတွင်းမှာ ပြောင်းလဲသွားတဲ့ အစားအသောက်အနေအထိုင်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် မြင်မိတာကတော့ ပိုကျန်းမာလာပြီး ပေါ့ပါးလာတယ်ဆိုတာပါပဲ
မှန်ရှေ့ရောက်တိုင်းလဲ ကိုယ့်bodyကိုယ်ကြည့်ပြီး Confident ပိုရှိလာတယ်
ဆရာ့ကိုယုံကြည်ပြီး ဒီ 4-min Burn Class လေးကို join ဖြစ်တာ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့တယ်
နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့ခန္ဓာကိုယ်ကိုယ် ပိုင်ဆိုင်နိုင်ဖို့ ဆရာ့ရဲ့သင်တန်းတွေကိုလဲ ထပ်joinဖို့ ဆုံးဖြတ်ထားပါတယ်
ဆရာ့ရဲ့ သင်ကြားပြသမှုတွေကြောင့် ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတဲ့ အသိဉာဏ်လဲကြွယ်ဝခဲ့လို့ ဆရာ့ကိုကျေးဇူးအများကြီးတင်ပါတယ်
ဆရာ့ကျေးဇူးနဲ့ အပြုံးပန်းတွေဝေနိုင်ခဲ့သူတွေထဲမှတစ်ယောက်ဖြစ်ခဲ့တဲ့ကျွန်မအတွက် ဆရာလဲ ဂုဏ်ယူမိမယ်ထင်ပါတယ်ရှင့်
ဆရာ ကျန်းမာပျော်ရွှင်ပြီး ဒီ့ထက်မက အောင်မြင်ပါစေဟု ဆုတောင်းပေးလိုက်ပါတယ်"
" အရင်က (၁)လကျော်လောက် ၁နာရီကြာအောင် လေ့ကျင့်ခန်းလုပ်၊ အစားတွေဆို ရှောင်နေ၊ လျော့နေခဲ့တာကို အောက်ဗိုက်နဲ့ ခြေသလုံးက မကျဘူးဖြစ်နေတော့ ကြာတော့မလုပ်ချင်တော့ပဲ စိတ်ကမပါဖြစ်နေတဲ့ အချိန်မှာပဲ 4min Burn Online Class လေးကို တွေ့လို့ ဆရာVideo ကို သေချာနားထောင်ကြည့်ပီး ကိုယ့်အတွက် အချိန်တိုနဲ့ ထိရောက်မယ်ဆိုပီး တက်ဖြစ်ခဲ့ပါတယ်...
သင်တန်းကာလမှာလည်း ကိုယ်မထင်ထားတဲ့ အချိန်နဲ့စားသောက်ပုံတွေ ၊ အချိန်နဲ့4min exercise လေးတွေ ၊ အချိန်နဲ့အိပ်ရတာတွေဆိုတော့ ကိုယ့်အတွက် တနေ့တာဟာ smart ကို ကျနေတာပဲ...
ပိုပြီးကောင်းတာက ညအိပ်ချိန်မှာ လုပ်ရတဲ့ အကြော့လျော့လေ့ကျင့်ခန်းလေးကို လုပ်ပြီးအိပ်ရတာပဲရှင့် သင်တန်းကာလတွင်းမှာလည်း လုပ်ရမှာလေးတွေကို မရှင်းရင် comment တို့ chat box တို့ကနေ မေးရင်လည်း စိတ်ရှည်စွာနဲ့ Sayar နဲ့ Admin တွေက ပြန်ဖြေပေးတော့ မရှင်းမှာလည်း စိတ်ပူစရာမလိုခဲ့ပါဘူး ။ သင်တန်းကာလပြီးတဲ့ အချိန်မှာ ပေါင်ချိန်ကြည့်တော့ မထင်လောက်အောင် ကိုယ့်ပေါင်ချိန်က Target ကိုတောင်ကျော်ပြီးကျသွားပါတယ် ။
သင်တန်းစတက်တုန်းက 135lb ။ ကိုယ့် target က 130 lb ။ အခုက 122lb တောင်ဆိုတော့ 13lb တောင်ကျသွားတယ် ။ ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်သလို Sayar တို့ကိုလည်း ကျေးဇူးပါ ။
Online ကနေ ဝတ်ဖို့ဝယ်ထားတဲ့ အားကစားဘောင်းဘီလေး ကိုယ်နဲ့ မတော်လို့ ပြန်ရောင်းရမှာကို မရောင်းပဲ အဲဒီဘောင်းဘီဝတ်လို့ရအောင်ထိချမယ်လို့လုပ်ခဲ့တာ .. အခုတော့ .. ဝတ်လို့ရပါပြီရှင့်...
နောက် Sayar program တွေကိုလည်း အခါအခွင့်သင့်ရင် ဆက်လက်တက်ရောက်ပါဦးမယ်ရှင့်..
ကျေးဇူးတင်ပါတယ်ရှင့်.. "
"ပထမဦးစွာအရမ်းကောင်းတဲ့သင်တန်းတိုလေးလို့ ပဲ ညွှန်းပေးပါရစေ..
ရက်တိုအတွင်း အရင် (156) ပေါင်ကနေ အခု (150) ပေါင်ဖြစ်သွားလို့ဆရာသင်တန်းကိုတက်တာ
အရမ်းမှန်ကန်တဲ့ရွေးချယ်မှုလို့ပဲ ခံယူမိပါတယ် ။
သင်တန်းလေးကအရမ်းကိုအကျိုးရှိပါတယ် ။
ဆရာပြောတဲ့အတိုင်းသက်သက်သာသာလေး
နှင့် ပုံမှန်လေးလုပ်ပေးရင်ကိုရပါပြီ။
အချိန်ခဏလေးနှင့်ဝိတ်ကျပါ့မလားလို့ စဉ်းစားမတွေဝေနေပါနှင့်တော့ ။
တကယ်ကျတာပါ ။ ကိုယ်တိုင်လည်းအဆင်ပြေလို့ ဝိတ်ကျချင်တဲ့မိတ်ဆွေများကိုလည်း ဆရာသင်တန်းသာတက်လိုက်ပါလို့ အကြံဉာဏ်ပေးချင်ပါတယ်နော် "
"ကျနော်ကတော့ဆရာ့ရဲ့ ရက်တို (၁)ပတ် 4-min Burnမှာ (၆)ပေါင် တိတိကျသွားပါတယ် ဆရာ့ကိုကျေးဇူးတင်ပါတယ်...
နေရထိုင်ရတာလည်း အရမ်းပေါ့ပါးလာပါတယ်
သွက်လက်လာတယ်။
အရင်ကဆို မြန်မာဝတ်စုံဝတ်ရင် အရမ်းစိတ်ညစ်ခဲ့ရပါတယ်
ခုတော့.. ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာပါပြီ။
အရသာမှုန့်မပါဘဲလည်း ဆားနည်းနည်းပါတာလေးနဲ့တင်
ကျန်းမာရေးအညီ စားသောက်တက်လာပါပြီ။
ကျနော်တို့က ရုံးသမားတွေဆိုတော့
ဇာတ်ကြောတက်တာတွေလည်းမရှိသလောက်ကို
နေလို့ကောင်းလာပါတယ်။
သင်တန်းတလျောက်လည်း သိလိုသမျှတွေကို
စိတ်ရှည်လက်ရှည်နဲ့ ဆရာက အကုန်လုံး ဖြေကြားသင်ပြပေးပါတယ်။
အခွင့်ရရင် ဒီထက်ပိုမိုက်သွားအောင်
ပိုကျန်းမာသွားအောင် ဆရာ့တခြားသင်တန်းတွေလည်း
ဆက်တက်ချင်ပါသေးတယ်။
အရင်ကဆို အထိုင်များလို့
ဒူးလည်းနာ၊ ခါးလည်းနာခဲ့လို့
တော်တော်ကြောက်ခဲ့တယ်။
ငယ်သေးတာကို ဒူးနာလာလို့ပေါ့..
ဝိတ်ကျချင်လို့တက်ခဲ့တာပါ
ခုတော့ ဒူးနာ၊ ခါးနာပါ လုံးဝမနာတော့လို့
ဆရာ့ကို အတိုင်းထက်အလွန် ကျေးဇူးအထူးတင်ရှိပါတယ်။
ကျန်းမာရေးနဲ့အညီ စားသောက်ပုံတွေလည်း
သိခဲ့ရတဲ့တွက်လည်း အထူးကျေးဇူးတင်ပါတယ်ဆရာ
ဆရာဒီထက်မက ကြီးပွားတိုးတက်ပါစေ
အောင်မြင်ပါစေ .. ကျန်းမာပါစေဆရာ "
"သင်တန်း(၇)ရက်အတွင်း(၈)ပေါင်ကျခဲ့ပါတယ်
အစကတော့လုပ်နိုင်ပါ့မလားလို့ စိတ်ပူမိပါတယ်။
အစားအသောက် အရမ်းမက်တဲ့သူဖြစ်လို့ပါ
အရင်ကလဲ ပိန်ဆေးတွေအမျိုးမျိုးသောက်ခဲ့ပါတယ်။ ၃လ-၄လသောက်တာတောင် ၁ပေါင်မကျပါဘူး။
ဒီသင်တန်းတတ်မှပဲ (၇)ရက်ထဲနဲ့ကို (၈)ပေါင်ကျတော့ ဘယ်လိုတွေပျော်မှန်းကိုမသိဘူး။ အစားလဲသိပ်မမက်တော့ဘူး။ မစားသင့်ဘူးဆိုတာသိတော့ မစားဖြစ်ဘူး။ ညဆိုလဲအချိန်မှန်အိပ်တော့ လူလဲလန်းဆန်းနေရော... နောက်သင်တန်းဆက်တတ်သွားမှာပါ🥰🥰🥰 "
" ဒီသင်တန်းကိုဝိတ်ကျချင်တဲ့သူတိုင်းတက်စေချင်ပါတယ် ။ (၇)ရက် သင်တန်းလေးတက်မယ်လို့ဆုံးဖြတ်လိုက်တော့ လုပ်နိုင်ပါ့မလား စိတ်ပူမိတယ်။
တကယ်တမ်းလုပ်ကြည်တော့ .. အရမ်းအစဉ်ပြေတယ်။ လေ့ကျင့်ခန်းလေးက လုပ်ရတာလွယ်တယ်။
စိတ်ကိုလဲ ပေါ့ပါးပြီး တက်ကြွစေတယ်။
တနေ့ လေ့ကျင့်ခန်း(၄)မျိုးမှာ တချို့လေ့ကျင့်ခန်းလေးတွေက ကနေရသလိုဘဲ.. စိတ်ကပျော်ပြီးမမောဘူး။ သဘောကျတယ် ။
ကျွန်မကအလုပ်တဘက်နဲ့မို့လေ့ကျင့်ခန်း(၃)ရက်ဘဲလုပ်နိုင်ခဲ့တယ်။
လေ့ကျင့်ခန်းတခုကို တခါလုပ်ရင် ၃ခါပြန် လုပ်ပါတယ်
ပေါင်ချိန်က အားလုံးပြီးတော့ ၁၀ ပေါင်ကျော်ကျပါတယ်။ ဆက်ပြီးကြိုးစားသွားမယ်။
ဆရာကိုလဲကျေးဇူတင်ပါတယ် ။ "
" ပထမဦးဆုံးအနေနဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်။
4 min Burn Class ကို Join တဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာချင်လို့ပါ။
အခုကတော့ .. ကျန်းမာရုံတင်မကပဲ ဒီမနက်ပေါင်ချိန်ကြည်.လိုက်တော့ (၇) ပေါင်ကျသွားတော့ အရမ်းဝမ်းသာရပါတယ်။
လူလဲနေလို့ အရမ်းကောင်းပါတယ်။ နောင် 4 week မှာလဲ ဝင် joinမှာပါ ။
ပထမတော့ ဖြစ်ပါ့မလားပေါ့ .. နောက်နေ့တွေရောက်မှ ပိုပိုပြီးနေလို့ကောင်းလာတယ် ။ တက်တက်ကြွကြွလဲရှိလာတယ်။ ဆရာလဲ ဒီထက်မကအောင်မြင်ပါစေ။ ရက်တို (၇) ရက်လေးနဲ့ (၇)ပေါင်ကျသွားတဲ့အတွက် ဆရာ့ကိုလဲ အရမ်းကိုကျေးဇူးတင်ပါတယ်ရှင့်။ "
" 7 ရက် အတွင်း (၁၀) ပေါင်ကျသွားတယ်။
လေ့ကျင့်ခန်းအချိန်က ၄-မိနစ်ထဲမို့ အလုပ်တဖက်နဲ့ လဲအဆင်ပြေပါတယ်။
မစခင်က 170 lbs >>> အခု (၇)ရက်အပြီးမှာ 160 lbs !
ကျေးဇူးတင်တယ် ဆရာ .. အိပ်ယာဝင်ချိန် အကြောလျှော့ပြီးအိပ်ရတာ အိပ်ပျော်လွယ်သွားတယ်။
ခါတိုင်းဆို တော်တော်နဲ့အိပ်မပျော်ခဲ့ဘူး ..
ခုတော့ ဆရာ့ကျေးဇူးကြောင့်ပေါင်ချိန်ကျခဲ့ပြီ။
4min Burnပါဝင်ခဲ့တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ် "
"ခုတော့အရမ်းကျေနပ်နေပါတယ်။ ပေါင်ချိန် (၆) ပေါင်လောက်ကျသွားပါတယ် ။ အရမ်းကိုလည်းပျော်နေပါတယ်။ အရင်ကအကျီလေးတွေလည်းပြန်ဝတ်လို့ရသွားပါပြီ။
4min - Burn ပထမတခါ သင်တန်းကတည်းက တက်ချင်နေတာ အလုပ်တဖက်နဲ့ အဆင်မပြေမှာစိုးလို့ မတက်ဖြစ်ခဲ့ဘူး .. 4min burn သင်တန်းကို တက်ဖြစ်ခဲ့တာအရမ်းကိုမှန်သွားပါပြီ။ မှန်ကန်တဲ့ရွေးချယ်မှုလည်းဖြစ်ခဲ့ပါတယ်။ ကိုယ်မလုပ်နိုင်ဘူးလို့ထင်ခဲ့တဲ့ဟာတွေ လုပ်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ခုလိုလုပ်နိုင်အောင်လည်း သင်တန်းကိုအထူးဂရုတစိုက်လေးနဲ့လုပ်ပေးတဲ့ ဆရာတို့ကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ နည်းလမ်းမှန်မှန်နဲ့ အစားအသောက်စားတာကအစ ဂရုတစိုက်နဲ့ပေါ့ပေါ့ပါးပါးလုပ်ရုံဆိုတော့ အရမ်းကိုအဆင်ပြေပါတယ်။ ဆရာနဲ့ ZTAလည်း ဒီထက်မကအောင်မြင်ပါစေ။ နောက်လာမဲ့သူငယ်ချင်းမိတ်ဆွေလည်း စိတ်ရှည်ရှည်နဲ့စနစ်တကျဆရာတွေသင်ပေးသလို သေချာလေးလိုက်လုပ်မယ်ဆိုရင် ကျန်းမာတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်မှာပါ။ 4min-သင်တန်းကိုတက်ခဲ့တာ အရမ်းကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်လေးဖြစ်ခဲ့ပါတယ်ရှင့် ... ကျေးဇူးတင်ပါတယ်ရှင့် "
" ပထမဦးဆုံး ဆရာကို ကျေးဇူးအရမ်းတင်ပါတယ်ဆရာ။ ညီမ 4min burn class join ရတဲ့အကြောင်းရင်းကတော့ (၇)ရက်ထဲနဲ့ ဝိတ်ကျနိုင်မဲ့ အစီအစဉ်ပေါ့နော်။ တကယ်လည်း(၇) ပေါင်ကျခဲ့ပါပြီ☺️။ ညီမက ပေါင်ချရခက်တဲ့သူပါ။ အရင်ကလည်း အစားလျော့တာတွေ လေ့ကျင့်ခန်းလုပ်တာတွေလုပ်ခဲ့ဖူးပါတယ်။ ဒီလောက်ထိresultမရခဲ့ဖူးပါဘူး။ 4min burnတက်ပြီး ဘာကောင်းကျိုးတွေရခဲ့လည်းဆိုတော့ ကိုယ်တွင်းအဆိပ်အတောက်တွေရှင်းခဲ့လို့ ဝမ်းစနစ်လည်းပုံမှန်ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့ချိန် အိပ်ချိန် စားချိန်တွေကို သတ်မှတ်လာတတ်ပါတယ်။ ဘယ်လိုနေထိုင်စားသောက်ရင်ကျန်းမာရေးအတွက်ပိုကောင်းမလည်းဆိုတာလည်သိခဲ့ရပါတယ်။ ၇ပေါင်ပဲကျပေမဲ့အသားတွေကျစ်လစ်လာသလိုခံစားရပါတယ်။ နည်းစနစ်မှန်မှန်နဲ့ အချိန်တိုအတွင်း မပင်ပန်းတဲ့လေ့ကျင့်ခန်းတွေလုပ်ပြီး ပြောင်းလဲ့တဲ့ရလဒ်ကောင်းကို ရချင်တဲ့သူတွေ 4min burn class ကို join ကြည့်ပါလို့ recommend ပေးချင်ပါတယ်ရှင့် "

အခြားသော သင်တန်းသားများ၏ review နှင့် အမှတ်တရစကားများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါဦးမည် ဖြစ်ပါသည်.. အဆုံးထိဖတ်ရှုခဲ့သည့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

Close

50% Complete

Two Step

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.