Welcome Video လေးကို အသံဖြင့် ကြည့်ရှုရန် လက်ဖြင့် တစ်ချက်နှိပ်လိုက်ပါ။
" 2012 ခုနှစ်မှ စတင်ကာ (8) နှစ် ဆက်တိုက် Fitness နည်းပြအဖြစ် သင်ကြားပြသခဲ့သည့်ကာလအတွင်း သိရှိခဲ့ရသည်မှာ လူအများစုသည် မိမိလိုချင်သည့် ကျန်းမာရေးနှင့် ခန္ဓာကိုယ်အလှကို မပြောင်းလဲနိုင်ဘဲ အရှုံးပေးလက်မြောက်သွားကြရသည့် အကြောင်းရင်းမှာ အဓိကအားဖြင့် (ကျန်းမာရေးနှင့် ခန္ဓာအလှ) လေ့ကျင့်လိုက်စားခြင်းကို အခြားသော ပညာရပ်များလေ့လာလိုက်စားရသကဲ့သို့ အလေးအနက် သဘောမထား မိခြင်းကြောင့်သာ အဖြစ်များသည်ကို တွေ့မြင်ခဲ့ရသည်။ ကားမောင်းတတ်ဖို့ ကားမောင်းနည်းအခြေခံများ နှင့် ကားစည်းကမ်း ၊ ယာဉ်ကြောစည်းကမ်းများကို လေ့လာသင်ယူပြီးမှသာ အန္တရာယ်ကင်းစွာဖြင့် ကားကို ယုံကြည်မှုရှိရှိဖြင့် မောင်းနှင်အသုံးပြုနိုင်သည်မဟုတ်လား။ ထို့အတူ သင့်ခန္ဓာကိုယ်သာမရှိရင် သင့် ဒီဘဝဆိုတာလည်း ရှိလာမှာမဟုတ်အောင်ကို မှန်ကန်လွန်းလှတယ့် သင့်ရဲ့ တစ်ခုတည်းသော အရေးကြီးဆုံးသော ပိုင်ဆိုင်မှုဖြစ်သည့် သင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပညာရပ်ကို အနည်းနှင့်အများ စိတ်ဝင်စားမှု ၊ လေ့လာမှုမရှိဘဲ အဆင်ပြေသလိုသာ လွတ်ထားမိရင် ဘဝရဲ့ အကြီးဆုံးသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်သည်။ ဒီဘဝမှာ သင်ဘယ်လောက်သာ အသက်ရှည်နေထိုင်ရမယ်ဆိုတဲ့ သက်တမ်းဟာ သင့်ခန္ဓာကိုယ်ပေါ်တွင်သာ မူတည်ပြီး သင့်ကျန်းမာရေးနှင့် ကြံ့ခိုင်လှပမှုအတွက် ပညာရပ်တစ်ခုလိုစတင်လေ့လာလိုက်စားကျင့်သုံးကာ ပိုမိုကောင်းမွန်အောင်ဖန်တီးလိုပါက အောက်တွင် ဆက်လက်ဖတ်ရှု့လိုက်ပါ။ "
" မှန်ကန်သော ခံယူချက် နှင့် ထိရောက်သောနည်းစနစ်ပူးပေါင်းလိုက်ရင် သင်လိုချင်သည့် အိမ်မက်ပန်းတိုင်များအားလုံးက သင့်လက်တစ်ကမ်း မှာပဲ ရှိနေမှာပါ "
Sayar Z
" My Mission is To help .... 100,000 Myanmar People Get Fitter and Healthier! "
Sayar Z
လုံး၀ လုံး၀ လုပ်နိုင်ပါတယ်။
ကျွန်တော်တို့တွေ ဘယ်လိုသိလဲ ?
ကျွန်တော်တို့ရဲ့ မန်ဘာတွေက အားလုံးသက်သေပြခဲ့ကြပြီး ဖြစ်ပါသည်။
ဆရာZ အားကစားFitness လောကထဲစဝင်ခဲ့တယ့် ရည်ရွယ်ချက်ကိုကြည့်လျှင်ပင် သူ ငယ်စဉ် ၁၈ နှစ်အရွယ် လမ်းမပေါ်ထွက်ကာ စက်ဘီးသွားသွားစီးခဲ့တိုင်း ရှေ့မှ အခြား ဆိုင်ကယ်နှင့် စက်ဘီးစီးနေသူတွေကို ကြည့်မိပြီး
အစရှိတယ့် မေးခွန်းများက သူ့ခေါင်းထဲမှ မကြာခဏရောက်ရှိလို့နေခဲ့သည်။ နောင်၄ နှစ် ကြာတော့ Fitness လောကထဲခြေစုံပစ်ဝင်ဖြစ်ခဲ့ကာ တိုးတက်ဖွံဖြိုးနေပြီးသော နိုင်ငံများမှ အောင်မြင်ပြီးနည်းစနစ်များကို စုစည်းရှာဖွေတက်ရောက်၊ဖတ်ရှု့လေ့လာခဲ့ပြီးနောက် ZTA Fitness နှင့် Fit Life Project သင်တန်းများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူ့၏လုပ်သက် (8) နှစ်ကာလအတွင်း Fitness လိုက်စားခြင်းပညာရပ်သည် "တကယ်လုပ် အဟုတ်ဖြစ်မည် " ဆိုသည့်စကားအတိုင်း လူတိုင်းအတွက် အမြဲမှန်ကန်နေပြီး လူတစ်ဦးချင်းစီ၏ကိုယ်စီပြသာနာအရ " တကယ်လုပ် " သည်ဆိုသော အားစိုက်မှုတွေ ကွာခြားမှုကြောင့်သာ ရလဒ်များ မျက်နှာလိုက်သွားခြင်းသာရှိသည်။ အသက်အရွယ်ကွာခြားချက်၊ အမျိုးသားဖြစ်ခြင်း ၊ အမျိုးသမီးဖြစ်ခြင်း Male Female ကွာခြားချက် တို့နှင့် လုံးဝမသက်ဆိုင်ဘဲ တကယ်လုပ်သူ နဲ့ မလုပ်သူ ဖြစ်ခြင်းနှင့်သာ သက်ဆိုင်သည်ကို တွေ့ရလေ့ရှိသဖြင့် ခံယူချက်မှန်ကန်ပါက ဒီတိုက်ပွဲကို သင်တစ်ဝက်နိုင်ပြီးသားပင်ဖြစ်သည်။
ဒါကြောင့် သင်သည် ဘယ်သူလဲ ? သင့်ကိုယ်သင်သိရင် ဆရာZ မှ သင့်အတွက် အခက်အခဲများ၊ အလုပ်မဖြစ်မှုများ နှင့် ရုန်းကန်စရာများကို သူကိုယ်တိုင် ကျော်ဖြတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ယခု ရိုးရှင်းသော လမ်းညွှန်ချက်တွေနဲ့ သင်စတင်နိုင်ပြီဖြစ်သည်။
သင်ဘယ်လောက်ပဲ ကိုယ့်ခန္ဓာ နဲ့ပတ်သက်ပြီး စိတ်ပျက်အားလျော့နေပါစေ ၊ ဝိတ်ဘယ်လောက်တက်နေပါစေ၊ ယုံကြည်မှုဘယ်လောက်ကျဆင်းနေပါစေ ၊ (သို့) တစ်ခါမှ မလုပ်ခဲ့ဖူးလို့စိုးရိမ်မိနေပါစေ.... ဒီonline သင်တန်းလေးများက သင်စတင်လိုက်တာနဲ့ ချက်ချင်း ရှေ့ဆက်တိုက် သင့်အားနည်းချက်များကို ပြောင်းလဲသွားစေမည်ဖြစ်သည်။
သင့်အနေနဲ့ ဘာလုပ်ရမှန်းမသိဘဲနဲ့ သူများတွေလုပ်သလိုလိုက်ပြီး သင်တန်းစင်တာများတွင် မန်ဘာဝင်ဆော့လျှင်ပင် တလ အနည်းဆုံး ၃၀,၀၀၀ ကျပ် ခန့်ရှိပြီး တစ်နှစ် ၄၀၀,၀၀၀ ကျပ် နီးပါးအောက်ထစ်ကုန်ကျသွားပြီး တကယ်လို့ သင်သွားသည့် Gym က တစ်လ ၂၀၀,၀၀၀ ကျပ် အထက်ဆိုရင်တော့ တစ်နှစ် ၂၄သိန်းခန့် ကုန်ပြီး ဘယ်လိုထိထိရောက်ရောက်လေ့ကျင့်ရမည်ကို မသိလိုက်ရင် လူအများစုလို ဒုံရင်းက ဒုံရင်းပြန်ဖြစ်နေနိုင်ပါသည်။
ကားဝယ်ထားပြီးကားမောင်းနည်းမသိရင် ကားဘယ်လောက်တန်ဖိုးကြီးနေပါစေ အသုံးပြုလို့မရတော့သလို ... FLP online အဆီကျသင်တန်းလေးက သင့်ရဲ့ အချိန်နှင့် ငွေများကို သက်သာစေပြီး တစ်သက်တာအတွက်ရလဒ်ကောင်းများကို ဆောင်ကျဉ်းပေးသွားမည့် သင့်အတွက် ကားမောင်းနည်းဖြစ်ပါသည်။ ထို့အပြင် သင်တန်းလေ့ကျင့်လမ်းညွှန်ချက်များသည် သင်ဘယ်သွားသွား ဘယ်မှာနေနေ အသုံးပြုလို့ရအောင် ပြုလုပ်ထားသဖြင့် အားကစားရုံသွားမှဖြစ်မည် ဟု သင့်ကို လက်ထိပ်ခတ်ထားသော သင်တစ်ခုခုအပေါ် အားကိုးနေရမယ့်စိတ် ရှိစရာမလိုပဲ လေ့ကျင့်ဖို့ ၆ပေ၈ပေ ကြမ်းပြင်နေရာလွတ်လေးရှိရင်ပင် သင့် ခန္ဓာကိုယ်ပြောင်းလဲမှုကို အချိန်နေရာမရွှေး စနိုင်မဲ့ လွတ်လပ်မှုကို ရရှိစေလို့ သင့်လွတ်လပ်မှုအတွက် တစ်သက်လုံးအသုံးပြုလို့ရမည့် Sayar Z ၏
" စကားတစ်ခွန်းကြောင့် လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေနိုင်ရင် ကျွန်တော့်ရဲ့ ဗီဒီယိုတစ်ပုဒ်က မိတ်ဆွေကို သေချာပေါက် ပိုမိုကျန်းမာအဆီကျပြောင်းလဲလာစေမှာပါ ။ "
သင်ကြိုက်ရာ ရွေးနိုင်ပါသည်။
[FLP] Fit Life Project online သင်တန်း တက်သူ မန်ဘာတစ်ယောက်အနေဖြင့် မိမိချရမည့်ပေါင်ချိန်များကို မည်သို့လေ့ကျင့် ၊ မည်သို့စားသောက်ကာ ပြောင်းလဲပစ်လို့ရမည့် အတိအကျလေ့ကျင့်နည်းများကို ရရှိမည်ဖြစ်သည်။ သင်လိုချင်သည့်ခန္ဓာကိုယ်အလှပြောင်းလဲလာမည့်အပြင် မိမိကိုယ်ကိုယုံကြည်ချက်များပါ တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဆရာZ မှ သူကိုယ်တိုင်ရော ၊ အောင်မြင်ပြီးသား သူ့တပည့်များပါလက်တွေ့အသုံးပြုနေသော လမ်းညွှန်ချက်များဖြင့် သင့်အား အဆီကျလှပကျန်းမာအောင်မြင်ရေးလမ်းကြောင်းခရီးကို အမြန်ဆုံးရောက်အောင် အချိန်ကာလများစွာ ချုံပေးနိုင်ရန် အတွက် ယခုပင် စတက်လိုက်ပါ။
ယနေ့ပင် စာရင်းသွင်းလိုက်ပါ။ သင့်အတွက် အကောင်းဆုံးများဖြင့် စောင့်ကြိုနေပါမည်။ တစ်ဆင့်ချင်းလုပ်ရမည့်အရာများ၊ ဆောင်ရန်ရှောင်ရန်များ နှင့် လေ့လာစရာများဖြင့် သင့် Body Target ကို ထုဆစ်ပုံဖော်ပေးသွားမည်ဖြစ်သည်။
" စကားလေးတစ်ခွန်းကြောင့် လူတစ်ယောက်ရဲ့ ဘဝတောင် ပြောင်းလဲအောင်မြင်သွားတတ်ရင် ကျွန်တော့်ရဲ့ online သင်ခန်းစာများက သင့်ရဲ့ ကျန်းမာရေးနှင့် ဗိုက်အဆီတွေကို သေချာပေါက်ပြောင်းလဲစေဖို့ အာမခံပါသည် ။ "
Sayar Z ၏ ကျန်းမာရေး အဆီကျနှင့် ဝိတ်ကျပြောင်းလဲရေး Online သင်တန်းများဆိုင်ရာ အမျိုးအစားများနှင့် သင်တန်းကြေးများ အကြောင်းကို ပိုမိုသိရှိနိုင်ရန်အတွက် အောက်ပါ ခလုတ်လေးကို တစ်ချက်နှိပ်လိုက်ရမည်ဖြစ်သည်။
ဒီနေရာကို နှိပ်ပါဖုန်းရှိရုံဖြင့် လွယ်ကူစွာ အချိန်မရွေး၊နေရာမရွေး တစ်ချက်နှိပ်ကာ ချက်ချင်းလေ့လာအသုံးပြုနိုင်ခြင်း ။
သင်ကြားပေးသည့် သင်ခန်းစာများအားလုံးသည် အချိန်ကာလ (၈) နှစ် အတွင်း လူပေါင်း (၅၀၀၀) ကျော် လက်တွေ့အသုံးပြုပြီး ရလဒ်များသက်သေပြခဲ့ပြီးဖြစ်ကာ လိုက်နာကျင့်သုံးပြီးနောက် ကျန်းမာရေးနှင့် ခန္ဓာကိုယ်အချိုးအစားများ သိသာစွာ ပြောင်းလဲလာမည်ဖြစ်သည်။
သင်ခန်းစာများကို လိုအပ်သလို update အမြဲပြုလုပ်ကာ အကောင်းဆုံးသော ရလဒ်များကိုသာ ရရှိစေရန်အတွက် Latest Training များကိုပါ ထည့်သွင်းသင်ကြားပေးခြင်း။
RESULTS DISCLAIMER :
ဖော်ပြပါ ရလဒ်ပုံများကြည့်ကာ သင်လည်း အားတက်ကောင်းအားတက်နေပေလိမ့်မည်။ သို့သော် Fit Life Project နှင့် Sayar Z မှ လမ်းညွှန်ချက်နည်းလမ်းများအားလုံးသည် လူတစ်ဦး နှင့် တစ်ဦး အပေါ်တွင် ထိရောက်အကျိုးဖြစ်မှု တူညီချင်မှ တူညီပါမည်။ ကျင့်သုံးလိုက်နာသူသည် မိမိ၏ လေ့ကျင့်စားသောက်မှု၊ မတူညီသောခန္ဓာကိုယ် တုန့်ပြန်ချက်များနှင့် အားထုတ်ကြိုးစားမှုပေါ်တွင် မူတည်ကာ ရလဒ်ရမည်ကိုလည်း သိရှိထားရပါမည်။ လေ့ကျင့်နေစဉ် အဆင်မပြေမှု မူးဝေမှုများဖြစ်ပါက ချက်ချင်းရပ်ရပါမည်။ အခြားသော လေ့ကျင့်ရေးပရိုဂရမ် နှင့် ကုထုံးများကဲ့သို့ ဖြစ်လာသမျှမှာ မိမိတာဝန်ဖြစ်ပါသည်။ ထို့ပြင် အမြန်နည်းလမ်း ဖြတ်လမ်းဖြင့် ရလဒ်ရလိုသူဖြစ်ပါကလည်း ယခုမန်ဘာကို လုံးဝမဝင်လိုက်ပါနှင့်။ ကျွန်တော်တို့ နည်းလမ်းသည် ဘယ်အရာမှ အလကားမရပါ ဆိုသော စိတ်ထားမှန်ပြီး လိုချင်တာအတွက် အမှန် ပေးဆပ်အားထုတ်ကြိုးစားမည့်သူများအတွက်သာဖြစ်ပါသည်။ အောင်မြင်မှုတိုင်း၏နောက်ကွယ်မှာ ကြိုးစားမှုများတွဲပါလာသည်ကို သိထားရပါမည်။ ပုံပါပြောင်းလဲမှုများသည် ၂လမှ ၆လအတွင်းပြောင်းလဲသွားခဲ့သော်လည်း သင့်ကို သူတို့အတိုင်းအတိအကျပြောင်းလဲသွားမည် ဟု အာမခံပေးလို့မရပါ။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်တစ်ခု လုံးဝ လုံးဝ သိသာစွာပြောင်းလဲသွားရန် (၂ လမှ ၃လ) အချိန်ပေးလေ့ကျင့်ရပါသည်။ ယခုထက်အချိန်နည်းသာလိုသည့်နည်းများသည် ဖြတ်လမ်းနည်းများဖြစ်ပြီး အချိန်တိုအတွင်း ဝိတ်အမြန်ပြန်တက်လာစေကာ လူကိုပိုဝစေတတ်သည်ကို အတွေ့များရလေ့ရှိသည်။ ၆ပတ်အတွင်း ကျနိုင်သည့်ပေါင်ချိန်မှာ - ပုံမှန်အားဖြင့် ၆ ပေါင် မှ ၁၅ပေါင် အတွင်းအကျများကြပြီး အစားအသောက်လိုက်နာမှု နှင့် လေ့ကျင့်အားထုတ်မှုပေါ်မူတည်ကာ ပေါင် ၃၀ ခန့်လည်းကျတတ်သည်ကိုတွေ့ရပါသည်။
ဘယ်လောက်ကျမလဲကို အာမမခံပေးခြင်းသည် သင်တန်းကိုအတင်းတက်ရန်မမှန်ကန်သော အဆွယ်စကားမပြောလိုခြင်းကြောင့်ဖြစ်ပြီး တကယ်လုပ်လျှင် မိမိကြိုးစားသလောက်အပြည့်အဝပြောင်းလဲနိုင်ကြောင်းကို မျက်မြင်အတွေ့များထားပြီးဖြစ်သောကြောင့် မန်ဘာဝင်ပြီးနောက် သင်ပြောင်းကိုပြောင်းလဲသွားမည်ကိုသာ အာမခံပါသည်။
သင်သာတကယ်ပြောင်းလဲချင်သူဖြစ်ရင် "၆ပတ် နဲ့ တကယ်ပိန်လား?" မေးမည်မဟုတ် ပြောမည်မဟုတ်။
သင်ပြောမယ့်စကားသည် " ပိန်ဖို့အချိန်ဘယ်လောက်ပေးရမလဲ? ၆ပတ် လား? ၆လ လား? အရေးမကြီးဘူး။ အခုစလုပ်လိုက်တာနဲ့ ငါပိန်ပြီပဲ။ အရေးကြီးတာ အဆုံးထိငါရောက်အောင်သွားမယ်။ ငါ့မှာ ခိုင်မာတယ့် စိတ်ဓာတ်ကောင်းတွေရှိတယ်" လို့ပြောလိမ့်မယ်။
ကဲ.. ရေရှည်မှာ ဘယ်လိုပြောသူက လုပ်သွားနိုင်မလဲကို မိတ်ဆွေ သိပြီးသားဖြစ်ပါလိမ့်မည်။ သင်ကော ဒုတိယလူပဲ ဖြစ်ချင်မည် မဟုတ်လား?
ယခုမှစကာ သင့်အကြောင်းသာ အဓိကဖြစ်တော့သည်။ သင်ဟာ ကျန်းမာရေးနှင့် ကြံ့ခိုင်လှပရေးကို ဘယ်လိုခံယူထားပါသလဲ ?
တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတယ့်သူ တစ်ယောက်လား ?
တကယ်လို့ သင့်ကိုယ်သင် သိထားပြီးနောက် ဘာဆက်လုပ်ရမလဲကိုပါ သိပြီးပြီဆိုလျှင်..
ဂုဏ်ယူပါတယ်။ သင့်ဘဝမှာ ပြောင်းလဲမှုကောင်းတွေ စတင်ဖစ်ပေါ်လာနေပြီမို့ပါ ။
Sayar Z ၏
ယခုလို ခဏဝင်ရောက်လည်ပတ်ကာ အဆုံးထိ ဖတ်ရှုသွားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ကျန်းမာပျော်ရွှင်သော နေ့လေးတစ်ရက်ဖြစ်ပါစေ။ ကျွန်တော်တို့တွေ ပြန်ဆုံမယ့်နေ့ကို စောင့်မျှော်နေပါမည်။ Thank you....
50% Complete
Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua.